Home
သတင်းဓာတ်ပုံ
ရန်ကုန်မြစ်ဝတွင် ဗီယက်နမ်ကုန်တင်ရေယာဉ် ဆီတင်သင်္ဘောကို တိုက်မိပြီး နစ်မြုပ် (သတင်းဓာတ်ပုံ)
DVB
·
January 26, 2016
12647535_572226209610519_5300141650405938327_n
12572985_572227112943762_4470016249255110168_n
12549040_572228019610338_2624452726360703481_n
12512615_572227782943695_2016071066581341595_n
ရန်ကုန်မြစ်ဝမှာ ကျောက်ချရပ်နားထားတဲ့ ဗီယက်နမ်ကုန်တင်ရေယာဉ် M.V Thein Phu Silver ဟာ ကျောက်မျောပြီး အနီးမှာရပ်ထားတဲ့ ဆီတင်ရေယာဉ် MT Ocean Osprey ကို ၀င်တိုက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ ရက် မနက် ၁ နာရီလောက်က ဖြစ်ပွားခဲ့ပြီး ၀င်တိုက်ခဲ့တဲ့ ဗီယက်နမ် ကုန်တင်ရေယာဉ် နစ်မြုပ်ခဲ့လို့ အဲဒီသင်္ဘောပေါ်က ရေယာဉ်အမှုထမ်းတွေကို ဆီတင်ရေယာဉ် MT Ocean Osprey က ကယ်ဆယ်ထားတယ်လို့ မြန်မာ့တပ်မတော်-ရေက သတင်းထုတ်ပြန်ပါတယ်။ အဲဒီနောက် ဗီယက်နမ်ကုန်တင်ရေယာဉ် နစ်မြုပ်ရာနေရာနဲ့ မိုင် ၃၀ ခန့်အကွာမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ရေမှ စစ်ရေယာဉ် ၅၅၇ က ဆီတင်ရေယာဉ် MT Ocean Osprey မှ ကယ်တင်ထားတဲ့ ဗီယက်နမ်လူမျိုး ရေယာဉ်အမှုထမ်း ၁၄ ဦးကို နန်းသီတာဆိပ်ကမ်းထိ ပို့ဆောင်ပေးခဲ့ပါတယ်။ သတင်းဓာတ်ပုံ - တပ်မတော်-ရေ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024