ခရီးသည်တင်ယာဉ် ၂ စီး တိုက်မှုကြောင့် ယာဉ်မောင်း ၁ ဦး သေဆုံး
DVB
·
January 25, 2016
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အရွှဲရွာနှင့် အေးစံကုန်းကြားတွင် ဒီနေ့ နေ့လယ် ၁၂ နာရီကျော်မှာ မိဘမေတ္တာမှန်လုံ အမြန်ယာဉ်နဲ့ ရွှေဝါဖူးကားတို့ တိုက်မှုကြောင့် ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပါတယ်။
ရန်ကုန်မှ အိုင်သပြုသို့မောင်းနှင်လာတဲ့ မိဘမေတ္တာမှန်လုံအမြန်ယာဉ်အား ဧရာဝတီမှ ရန်ကုန်သို့အတက် ရွှေဝါဖူးခရီးသည်တင်ယာဉ်မှ ဝင်ရောက် တိုက်ခိုက်မိရာ မိဘမေတ္တာ ယာဉ်မောင်းတဦး သေဆုံးသွားပြီး ကျန်ထိခိုက်ဒဏ်ရာရရှိတဲ့ ခရီးသည်တွေကိုတော့ ညောင်တုန်း ပြည်သူ့ဆေးရုံသို့ သွားရောက် ကုသမှု ခံယူနေရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ဟင်္သာတသား