Homeရင်ဖွင့်စာ/ပေးစာအတောင်းကြမ်းတဲ့ ကလောမြေစာရင်းရုံး

ကလောမြို့နယ် မြေစာရင်းရုံးက တော်တော်အတောင်းကြမ်းပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ပုံစံ ၁၀၅ မြေပုံဆွဲခ ကျပ် ၂ သောင်း၊ လျှောက်လွာတစောင် ကျပ် ၂ ထောင် ပေးခဲ့ရပါတယ်။ အခု အစိုးရသစ် လက်ထက်မှာ ဈေးလည်း အသစ်ဖြစ်သွားပါတယ်။ မြေပုံဆွဲခ ကျပ် ၃ သောင်း၊ လျှောက်လွှာကြေးက ၅ ထောင် ဖြစ်သွားပါတယ်။ မြေပိုင်ဆိုင်မှု နာမည် အပြောင်းအလဲ လုပ်ချင်ရင် စာရေးမကို ကျပ် ၃ သောင်း ပေးရပါတယ်။ အဲဒါတောင် ကြမ်းခင်းဈေးပဲ ရှိပါသေးတယ်။ ရုံးလာတဲ့လူပေါ် မူတည်ပြီး ဈေးပို ပေးရတာမျိုးလည်း ရှိပါသေးတယ်။ လမ်းကြေး၊ တံတားကြေးဆိုလည်း ကန်ထရိုက်တွေက အစိုးရ သတ်မှတ်နှုန်းထက် ၁၀ ဆ ၁၅ ဆ ပိုကောက်ခံနေပါတယ်။ ဘယ်ကိုတိုင်ရမှန်းလဲမသိဘူး။ ကျနော်တို့မြို့မှာ လမ်းပြင်ဖို့ လမ်းဘေးမှာ ကျောက်ခဲတွေ ပုံထားတာလည်း ၆ လ ကျော်နေပါပြီ။ ၁ နှစ်ပြည့်ခါနီးရင် ပြင်မယ်လို့ ပြောတာပါပဲ။ လမ်းကြေး၊ တံတားကြေး တိုးမြင့်ကောက်ခံတာဟာ အများပြည်သူကို တိုက်ရိုက်ထိခိုက်နေတယ်ဆိုတာ ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။
ကလောမြို့ခံတဦး