Home
သတင်းတို
သေဒဏ်ချမှတ်ခံ ၀င်းနှင့်ဇော်တို့၏ မိဘများကို ဦးဇော်ဇော် သိန်း ၁၀၀ လှူဒါန်း
DVB
·
January 3, 2016
11037183_1093262120693025_288580279252484619_n
ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ မိဘတွေ လုပ်ကိုင်စားသောက်ဖို့ တဦးကို မြန်မာငွေ ကျပ် သိန်း ၅၀ စီ လှူဒါန်းလိုက်ပါတယ်။ ဒါ့အပြင် ဝင်းဇော်ထွန်းရဲ့ အမေလည်ပင်း ခွဲစိတ်ကုသမယ့် ကုန်ကျစရိတ် အားလုံးကိုလည်း  ဦးဇော်ဇော်က တာဝန်ယူပေးမည်ဖြစ်ကြောင်း မြန်မာအထူးစုံစမ်းရေးအဖွဲ့မှ ဦးထူးချစ် ရဲ့ လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ မနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ  ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စမွီတရားရုံးက သေဒဏ်ချမျတ်ခံထားရသူတွေ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024