Live
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာများ ဘေးကင်းရေး ထိုင်းအစိုးရ ဦးစားပေးဆောက်ရွက်စေလိုဟု နိုင်ငံခြားရေးဝန်ကြီး ပြော
DVB
·
December 30, 2015
ထိုင်းလိပ်ကျွန်းလူသတ်မှုကနေ မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေတွေအရ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများပေါ်ကို ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေလိုပါကြောင်းနဲ့ မြန်မာနိုင်ငံသားတွေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိုင်းအစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်စေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဒါကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဗန်ကောက်မြို့က မြန်မာသံရုံး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့ နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတဲ့ အပြင် ထိုင်းနိုင်ငံအစိုးရရဲ့ ပူးပေါင်း ပါဝင်မှုကိုပါ လိုလားကြောင်း၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးကိုအခြေခံပြီး အခုကိစ္စအပေါ် ဥပဒေ နဲ့ အညီ မျှမျှတတ ဖြစ်စေဖို့အတွက် ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ပါတယ်။ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား(၂)ဦးအတွက် ထိုင်းနိုင်ငံ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အဆင့်ဆင့် အယူခံဝင်သွားမှာဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောပါတယ်။ အာဏာသိမ်း ဝန်ကြီးချုပ် ပရာရွတ်အနေနဲ့တော့ ဖိအားပေးခံရတဲ့အချိန် လူအားလုံးကို ကျနော်က လွှတ်ပေးသင့်တယ်ဆိုတဲ့အမှုလား ဆိုပြီး ဒေါသသိသိသာသာ ထွက်နေတဲ့ ၀န်ကြီးချုပ်က ဒီဇင်ဘာ ၂၈ ရက်နေ့က ဆူရတ်ဌာနီ ပြည်နယ်သို့ သွားမယ်လေယာဉ်ပေါ်မတက်မီ သတင်း ထောက်တွေကို ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024