မြန်မာ ၂ ဦးကို လွတ်ငြိမ်းခွင့်ပေးရန် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ပေးပို့
ဇော်ဇော်လှိုင်
·
December 25, 2015
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား လူငယ် ၂ ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တိုကျို မဲခုယိုမြို့ ထိုင်းသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရောက် ပညာသင်ကျောင်းသား လူငယ်တွေအပါအ၀င် တိုကျိုကနေ အလှမ်းကွာတဲ့ ယိုကိုဟားမား၊ ဆိုင်တမ၊ ချီးဘားခရိုင်တို့က မြန်မာနိုင်ငံသား၂၀၀ လောက် လာရောက်ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက မြန်မာလူငယ်နှစ်ဦးကို ထိုင်းဘုရင်မင်းမြတ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အသနားခံစာတစောင်လည်း ထိုင်းသံရုံးတာဝန်ခံကနေတဆင့် ပေးပို့ခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာလူငယ် နှစ်ဦးကို သေဒဏ်ခဲ့မှတ်တဲ့အပေါ် ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ကန့်ကွက်တဲ့စာကိုလည်း ပေးပို့ခဲ့ကြပါတယ်။