မြန်မာအစိုးရ၊ မြန်မာလူထုကို ထိုင်းအစိုးရက စော်ကားလိုက်တယ်လို့ မြင်တယ် - ဦးထူးချစ်
အေးနိုင်
·
December 24, 2015

မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တာဟာ မြန်မာအစိုးရ၊ မြန်မာတပ်မတော်နဲ့ မြန်မာလူထုကို ထိုင်းအစိုးရက စော်ကားလိုက်တာဖြစ်ကြောင်း မြန်မာအထူးစုံစမ်းရေးအဖွဲ့ ၃ တာဝန်ခံ ဦးထူးချစ်က ပြောကြားလိုက်ပါတယ်။
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ဦးထူးချစ်က အခုလို ပြောကြားလိုက်တာပါ။
မြန်မာလူငယ် နှစ်ဦးကို အခုလို သေဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ဦးထူးချစ်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။