Home
မြန်မာသတင်း
ကလေးမြို့မှ မန္တလေးမြို့သို့ ထွက်ခွာသည့်ယာဉ် ချောက်ထဲကျ လူ ၇ ဦးသေဆုံး
DVB
·
December 14, 2015
12376751_437685133103154_2717209847743910859_n
12370828_437826463089021_749697134502366527_o
12360113_437685119769822_3716383793812020454_n
12339273_437826406422360_5498965934529499183_o
ကလေးမြို့ကနေ မန္တလေးမြို့ဆီထွက်ခွာသွားတဲ့ ထွန်းတောက်ကားဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ ဂန့်ဂေါမြို့နယ် ပုံညာတောင်အဆင်း ပုံညာဥမင်လမ်းခွဲနားတွင် အရှိန်မထိန်း နိုင်ဘဲ ချောက်ထဲ ကျသွားတဲ့အတွက်စပယ်ယာအပါအဝင် အမျိုးသား ၅ဦး၊ အမျိုးသမီး ၂ ဦးတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၄ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရာရရှိသူတွေကို ကျောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသဖြင့် မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်မယ်လို့ သိရပါတယ်။ ကားပေါ်မှာ စုစုပေါင်း ၁၂ ဦးပါဝင်ပြီး ကုန်များတင်ဆောင်လာတဲ့ ခရီးသယ်တင်လိုင်းကား ဖြစ်ပါတယ်။ ယခုလထဲတွင် ထွန်းတောက်ယာဉ်လိုင်းမှု မတော်တဆမှု ၂ ခုရှိသွားပြီဖြစ်ပြီး ၂ ခုလုံး လူအသေအပျောက် ရှိခဲ့ပါတယ်။ သတင်းဓာတ်ပုံ - လေးမဟာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024