ရန်ကုန်တွင် မီးလောင်၊ အဘိုးအိုတဦး သေဆုံး
အေးနိုင်
·
July 13, 2011
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူတဦး အသက်ဆုံးရှုံးသွားတယ်လို့ ဗဟိုမီးသတ်ဌာနက ပြောပါတယ်။
“လသာမြို့နယ် ၁၈ လမ်း အောက်လမ်းမှာပါ။ စလောင်ချိန်က ၁၂း ၅၅ ပါ။ ၁၃း ၂၅ မှာ ငြိမ်းပါတယ်။ လူအသေအပျောက်က တယောက်ပဲ ရပါသေးတယ်။ ဦးကျော်သိန်းကျော်ပါ။ အသက် (၇၇) ပါ။ မီးငြိမ်းပါပြီ။ အကြောင်းရင်းရှာတုန်းပါ” လို့ တာဝန်ကျ မီးသတ်အရာရှိက ပြောပါတယ်။
ဒီဗွီဘီက သီးခြားစုံစမ်းချက်အရ ဝါယာရှော့ဖြစ်ပွားရာကနေ မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။