Home
သတင်းဓာတ်ပုံ
ကသာမြို့တွင် ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား (ဓာတ်ပုံ)
DVB
·
November 28, 2015
12316115_497489430430017_866207469281851586_n
12316109_497489570430003_269380015052983560_n
12314107_497489457096681_6029624400034228657_n
12310427_497489523763341_6653076301434889227_n
12278796_497489500430010_356154166141885358_n
12250022_497489610429999_3514378447597520449_n
12246626_497489477096679_4803558143613728329_n
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အမှတ် ၉ ရပ်ကွက် မြောက်ဘူတာ သံလမ်းကျော် အနီးမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၇း ၄၅ နာရီအချိန်က ဆိုင်ကယ်နဲ့ကား တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ကသာကနေ ထီးချိုင့်ကို ပြေးဆွဲနေတဲ့ ဘီယာနဲ့ အရက်တွေ သယ်ဆောင်လာတဲ့ ကားဟာ စက်ဘီးစီးလာသူကို ရှောင်တိန်းရာမှ ဆိုင်ကယ်နဲ့ ကား မျက်နှာချင်းဆိုင် ပွတ်တိုက်မိလို့ ကားတိမ်းမှောက်သွားခဲ့ပါတယ်။ ကသာမြို့နယ် ဆင်ကုန်တိုင် ကျေးရွာနေ လွင်လွင်စိုး အသက် (၂၂) မောင်းနှင်လာတဲ့ ယာဉ်အမှတ် 5A - 7881 ဒိုင်နာ အဖြူရောင်ကားနဲ့ ဆိုင်ကယ် စီးနှင်းလာသူတို့ မျက်နှာချင်းဆိုင် တိုက်မိတာလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်လာသူ အမျိုးသား ၂ ဦး၊ ကားပေါ် စီးနှင်းလိုက်ပါလာသူ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၃ ဦး အသီးသီး ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ကို ယာဉ်မောင်း လွင်လွင်စိုးကို ယာဉ်မဆင် မခြင်မောင်းနှင်မှု ဥပဒ ပုဒ်မ (ပ) ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ ကသာမြို့မ ရဲစခန်းက ပြောပါတယ်။ သတင်းဓာတ်ပုံ - သီတာဆွေ - ကသာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024