Home
သတင်းဓာတ်ပုံ
ကျောင်းသူ ၂ ဦး ပျောက်ဆုံးနေမှု ကူညီရှာဖွေပေးရန် ဖခင်ဖြစ်သူ တောင်းဆို
DVB
·
November 25, 2015
12294743_148500812175219_7376504724680218294_n
12243535_148500802175220_310928679383959876_n
11221763_148500788841888_945826616597678780_n
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မန်းဘခိုင် ၁၀ လမ်း အရှေ့ဘက်ကမ်းရပ်ကွက်မှ အဋ္ဌမတန်းကျောင်းသူ ၂ ဦး ပြီးခဲ့တဲ့ သုံးရက်လောက်က ပျောက်ဆုံးနေမှုအပေါ် ဖခင်ဖြစ်သူတွေက ကူညီရှာဖွေပေးဖို့ ဗွီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသူ ၂ ဦး ပျောက်ဆုံးနေမှုကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာနဲ့ ဝေါမြို့နယ် ရဲစခန်းတွေကိုလည်း အမှုဖွင့်တိုင်ကြားထားခဲ့ပေမယ့် ပြန်မတွေ့ရှိသေးတာကြောင့် ဒီနေ့ နေ့လယ်ပိုင်းမှာ ဗွီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး အကူညီတောင်းခံနေကြတာပါ။ ၈ တန်းကျောင်းသူတွေဖြစ်ကြတဲ့ မသင်းရူပါအောင် အသက် (၁၃) နှစ်နဲ့ မသဇင်ဖူး (၁) တို့ကို ကူညီရှာဖွေပေးဖို့ ဖခင်ဖြစ်သူ ဦးစိုးကြိုင်နဲ့ ဦးဇော်ဝင်းအောင်တို့က ပဲခူးမြို့မဈေးကြီးရှေ့မှာ ဈေးသွားဈေးလာတွေကို တွေ့ရှိပါက ဆက်သွယ်ကူညီပေးဖို့ အသနားခံ တောင်းဆိုနေကြပါတယ်။ သတင်းဓာတ်ပုံ - ကိုသားကြီး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024