အာဆီယံ လူကုန်ကူးမှုတားဆီးရေး သဘောတူညီချက်တွင် မြန်မာပါဝင်လက်မှတ်ထိုး
DVB
·
November 21, 2015

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာအပါအ၀င် အာဆီယံ ၁၀ နိုင်ငံအကြား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်ကို နိုဝင်ဘာ ၂၁ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် အပါအ၀င် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဒီသဘောတူညီချက်ဟာ ဒေသတွင်းနိုင်ငံတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အထူးရည်ရွည်ပြီး လူကုန်ကူးခံရမှုကနေ တားဆီးအကာအကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။