Home
မြန်မာသတင်း
ဖားကန့်မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွား၊ လူတချို့သေဆုံး
DVB
·
November 21, 2015
12285857_887022018079301_474788956_n
12283044_887021891412647_699867820_n
12281983_887005851414251_1594847510_o
12277100_887021838079319_1405160698_n
12270571_887021948079308_1420365800_n
12270512_887021858079317_450766266_n
12248634_887021964745973_1081333891_n
12000135_887022074745962_2029865608_n
ကချင်ပြည်နယ် ဖားကန့်ဒေသတွင်း ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မနက် အစောပိုင်းက   စွန့်ပစ် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူနေတဲတွေ ပိမိကာ လူတချို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နီး ဥရုချောင်း တဖက်ကမ်း ဆွတ်အောင်မှော်နဲ့ ရှမ်းစုမှောက်  အကြား ၁၁၁ စွန်ပစ်မြေစာပုံမှာ  ဒီကနေ့ မနက် ၃ နာရီလောက်က  ဖြစ်ပွားခဲ့တာလို့ ဖားကန့်ဒေသခံ ကိုဇော်မိုးထက်က ပြောပါတယ်။ “မနက်အစောကြီးပိုင်း အားလုံး အိပ်နေတဲ့အချိန်ဖြစ်တာ၊ တဲအလုံး ၇၀ ကျော် ၈၀ လောက်ပါသွားတယ်။ အဲဒီတဲတွေမှာက လူမနေဘူးဆိုရင် တဲတတဲကို ၃ ယောက်ကနေ ၅ ယောက် ၆ ယောက်လောက် နေကြတာ များတယ်ဆိုတော့ လက်ရှိခန့်မှန်းရတာပေါ့နော် လူက ၁၀၀ နဲ့ ၂၀၀ ကြား သေဆုံးနိုင်တယ် မြေမြှုပ်သွားနိုင်တယ်လို့ ယူဆရတယ်။ တပိုင်တနိုင် ကိုယ့်ဟာကိုယ်ဖော်တဲ့ဟာကတော့ လူ ၁၀ လောင်းလောက်တော့ရပြီ။” လူသေဆုံးမှုအရေအတွက်နဲ့ ပတ်သက်လို့တော့ သက်ဆိုင်ရာရဲ့ သီးခြားအတည်ပြချက် တော့ မရရှိသေးပါဘူး။ ဒီမနက်အစောပိုင်းအထိတော့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေသုံးပြီး ကျောက်တူးနေတဲ့ ကျောက်တူးဖော်ရေး လုပ်ငန်းတွေက စွန့်ပစ်တဲ့ မြေစာပုံပြိုကျမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားပြီး ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး ၅ ကြိမ်လောက်ရှိ သွားပြီဖြစ်ပါတယ်။ တနိုင်တပိုင်ရေမဆေးကျောက်ရှာသူတွေ ဘေးရန်ကင်းစွာ လုပ်ကိုင်နိုင်ဖို့ အာဏာပိုင်တွေအနေနဲ့ စနစ်ကျတဲ့ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ဖို့  ဖားကန့် ဒေသခံတွေက  တိုက်တွန်းထားတာဖြစ်ပါတယ်။ ဓာတ်ပုံ - ဇော်မိုးထက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024