Home
သတင်းဓာတ်ပုံ
ဗန်းမောက်-အင်းတော်ကားလမ်း မြေသားများမြင့်တက်လာမှု ဒေသခံများစောင့်ကြည့် (သတင်းဓာတ်ပုံ)
DVB
·
November 20, 2015
12246996_495035494008744_316884067129899364_n
12246862_495035537342073_887248176635549768_n
12243298_495035437342083_1283826464614189494_n
12241449_495035510675409_516010979470759930_n
12227087_495035450675415_2378089105952159816_n
12122957_495035564008737_4176812674048405520_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းရွာကျေးနဲ့ သက္ကကျင်းကျေးရွာအကြား မိုင်တိုင်အမှတ် ၂၀/၃ အနီး ဗန်းမောက်-အင်းတော် ကားလမ်းမပေါ်မှာ မြေသားတွေ တဖြည်းဖြည်း မြင့်မောက်အက်ကွဲလာလို့ ဒေသခံတွေ စိုးရိမ်မှုမကင်း ဖြစ်နေကြပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၁၁ ရက်နေ့က လက်ရှိဖြစ်ပေါ်နေတဲ့ နေရာနဲ့ ၇ မိုင်ခန့်အကွာ အင်းတော်မြို့နယ်၊ ကျွဲကူး၊ ဆိပ်သာ၊ မာန်ဖာ ကျေးရွာတွေကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၅ ပြင်းအားရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် အခုဖြစ်ပေါ်နေတဲ့ မြေအောက်မှာ ပြတ်ရွေ့ကြောတခု ဖြစ်လာမလားဆိုပြီး ဒေသခံတွေ စိုးရိမ်မကင်းဖြစ်နေကြောင်း၊ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာ ကြည့်ရှု ပေးစေလိုကြောင်း နတ်မဟုတ်ကလေး ကျေးရွာနေ ကိုကျော်က ပြောပါတယ်။ သတင်းဓာတ်ပုံ - သီဟဆွေ (ကသာ)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024