ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ
ကျော်ဇေယျာဝင်း
·
November 17, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နေပြည်တော် လွှတ်တော်အဆောက်အအုံမှာ ဆက်လက်ကျင်းပနေပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းတဲ့ ကြယ်ပွင့်ပြ မေးခွန်း ၄ ခုကို သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဖြေကြားခဲ့ပါတယ်။
ဒါအပြင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက အစီရင်ခံစာ တင်ပြဖို့ ပါရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကာ လွှတ်တော်က အတည်ပြုဖို့လည်း ရှိပါတယ်။
ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ကတော့ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်း၊ မြန်မာနိုင်ငံ မီးပြတိုက် အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတို့နဲ့ ဆွေးနွေးကြမှာပါ။