မူးယစ်ဆေးရောင်း မြန်မာတဦး မဲဆောက်တွင် ဖမ်းဆီးခံရ
DVB
·
November 15, 2015

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ သတင်းပေးချက်အရ ထိုင်းစစ်တပ်နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မဲဆောက်မြို့ရဲ့ လမ်းတနေရာမှာ မနေ့က သွားရောက်စောင့်ဖမ်းခဲ့ကြောင်း ထိုင်းမန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတယ်။
အဆိုပါ မူးယစ်ဆေးတွေကို မဲဆောက်မြို့ရှိ မြန်မာ အလုပ်သမားများကို ရောင်းချဖို့ ဖြစ်တယ်လို့ ဖမ်းဆီးခံရသူ မောင်တင်စိုးက ထိုင်း အားဏာပိုင်တွေကို ၀န်ခံကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သက်သေခံ ပစ္စည်းတွေအဖြစ် စိတ်ကြွဆေးပြား (ခေါ်) ရာဘ ၄၀၀ လုံးတို့ကို သိမ်းဆည်းရမိထားကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ထိုင်းနိုင်ငံတွင်း တရားမ၀င် လာရောက်မှုတို့နဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
ထိုင်း ဥပဒေအရ မူးယစ်းဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်ပြီး ပြစ်မှု ထင်ရှားရင်း ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံနိုင်ပါတယ်။