ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေး မျှော်လင့်ကြောင်း ဂျပန်ပြော
ဇော်ဇော်လှိုင်
·
November 13, 2015

၂၀၁၅ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီး အစိုးရအပြောင်းအလဲအတွက် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးကို မျှော်လင့်နေကြောင်း ဂျပန်အစိုးရက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်း ဂျပန်လွှတ်တော်အပတ်စဉ် ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန်အစိုးရ ပြောခွင့်ရနဲ့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိဟိဒဲ ဆုငက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့တပ်မတော်အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံမယ့်အပေါ်လည်း ဂျပန်အစိုးရအနေနဲ့ ကြိုဆိုကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။