Home
သတင်းဓာတ်ပုံ
မန္တလေးတွင် အမည်မသိလူ ၁၀၀ ခန့် ကား ၆ စီးဖြင့် မဲလာပေးမှု တားမြစ်
DVB
·
November 8, 2015
12194937_10207385732309104_7848253171804195940_o
11163289_10207385727868993_5173532961979520792_o
11149727_10207385732269103_5326662543439486452_o
11057289_10207385727788991_8147525078388847392_o
887434_10207385732429107_4156294492343537345_o
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ထဲက မဲရုံ နံပါတ် ၅ မှာ အမည်မသိလူအယောက် ၁၀၀ နီးပါး ကား ၆ စီးနဲ့ မဲလာပေးတာကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက တားမြစ်ထားပါတယ်။ ၄၂ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ အခုလက်ရှိ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းနဲ့ အန်အယ်လ်ဒီ ကိုယ်စားလောင်း ဦးငြိမ်းသစ်၊ အုပ်ချုပ်ရေးမှူး၊ ရဲဝန်ထမ်းတွေ၊ ပါတီကိုယ်စားလှယ်တွေနဲ့ ရှင်းလင်းနေကြပါတယ်။ ကား ၆ စီးထဲက ၃ စီးက ထွက်ပြေးသွားပြီး ၃ စီး မိထားပါတယ်။ မြစ်ငယ်တိုးဂိတ်ကနေ မဲလာပေးတယ်လို့လည်း မီဒီယာတွေနဲ့ တွေ့ချိန်မှာ ကားပေါ်ပါရှိသူတဦးက ပြောပါတယ်။ ဓာတ်ပုံ - ကျော်ဇေ၀င်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024