ဒေါ်အောင်ဆန်းစုကြည် ပုဂံညောင်ဦး ဘုရားဖူးထွက်
DVB
·
July 4, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့သားငယ် ကိုထိန်လင်းနဲ့အတူ ပုဂံညောင်ဦးကို ဘုရားဖူးထွက်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲမန္တလေးလေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ ဒီမနက် ထွက်ခွာပြီး ညောင်ဦးလေဆိပ်ကို ဒီမနက် ၈ နာရီ မိနစ် ၂၀ မှာ ရောက်ရှိ သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းကတော့ မနေ့ကတည်းက ရန်ကုန်ကနေ ကားနဲ့ ထွက်ခွာသွားပြီး မနေ့ညနေကတည်းက ပုဂံကို ရောက်ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်သာမြင့် စတဲ့ပုဂ္ဂိုလ်တချို့လည်း လိုက်ပါသွားတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ ကိုယ်ရေးကိုယ်တာ ဘုရားဖူးခရီးသာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ဟောပြောမှု၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ အဖွဲ့ချုပ်က ပြောပါတယ်။
- ပုဂံဟိုတယ်ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဒီဗွီဘီ)