ရန်ပွဲကို အကဖြင့် ဖျန်ဖြေလူစုခွဲခဲ့သည့် ရဲအရာရှိအား အိုဘားမားချီးကျူး (ရုပ်သံ)
DVB
·
October 31, 2015

ရန်ဖြစ်နေတဲ့ အဖွဲ့တွေထဲက ဆယ်ကျော်သက်တဦးကို အကပြိုင်ဖို့ စိန်ခေါ်ရင်း ရန်ပွဲကို ဖျန်ဖြေတဲ့ ရဲအရာရှိတဦးရဲ့ လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ချီးကျူးလိုက်ပါတယ်။
ဝါရှင်တန် အမျိုးသမီးရဲအရာရှိက ရန်ဖြစ်နေတဲ့ လူအုပ်ကို ခွဲပေးဖို့ တောင်းဆိုခဲ့ရာမှာ အသက် ၁၇ နှစ် အမျိုးသမီးက “Watch Me (Whip/Nae Nae) သီချင်းနဲ့ ကခုန်ရင်း သူဘေးကို ရောက်လာရမှာ ၂ ဦး အကပြိုင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးရဲအရာရှိက နိုင်ခဲ့ရင် အမျိုးသမီးနဲ့ သူငယ်ချင်းတွေ ဒီနေရာကနေ ထွက်သွားဖို့လည်း ယှဉ်ပြိုင်ရာမှာ သဘောတူခဲ့ပါတယ်။
မိနစ်များစွာကခုန်ခဲ့ပြီးတဲ့နောက် အမျိုးသမီးငယ်က မောပန်းလာတဲ့အတွက် ယှဉ်ပြိုင်မှုကို ရပ်တန့်ခဲ့ပြီး ပြိုင်ဘက် ၂ ဦးပွေ့ဖက်က ဒီနေရာကနေ လူစုခွဲလိုက်ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့က ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းက ပျံနှံ့သွားပြီး သမ္မတ အိုဘားမားက ကျနော်တို့ လုံခြုံစေဖို့ ရဲတပ်ဖွဲ့က ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်နေတဲ့ ဥပမာ တခု ဖြစ်တယ်လို့ လူမှုရေး ကွန်ရက်တွစ်တာမှာရေးပါတယ်။
ကောင်းမွန်တဲ့ ရဲတပ်သားတွေ ရှိသေးတယ်ဆိုတာကို ပြသတဲ့ ဖြစ်ရပ်တခု ဖြစ်တယ်လို့ အကယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးငယ်က ပြောပါတယ်။