Home
မြန်မာသတင်း
လားရှိုးတွင် ပေါက်ကွဲမှု ဖြစ်ပွား
နန်းမြနဒီ
·
October 30, 2015
12046915_1127681003908808_1474986919923611290_n
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အောက်တိုဘာလ ၂၉ ရက် ည ၇ နာရီ ခွဲလောက်က ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၉ နဲ့ အမှတ် ၆၂၆ ထောက်ပို့တပ်ရင်းရုံး အစပ်နားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံး မရှိဘူးလို့ လားရှိုးမြို့နယ် ရဲတပ်ဖွဲမှူးရုံး တာဝန်ကျရဲအရာရှိ တဦးက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့က ပေါက်ကွဲသံကြားကြားချင်း ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေ သွားပြီးစစ်ဆေးပါတယ်။ ပေါက်ကွဲတဲ့ နေရာမှာ မြေကြီးနည်းနည်းဖွာသွားတာကလွဲလို့ ဘာမှထိခိုက်ပျက်စီးတာ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရသူလည်း မရှိပါဘူး။ ပေါက်ကွဲတဲ့နေရာနားမှာ ဘောစိလေးတွေ ပြန့်ကျဲနေတဲ့ အတွက် လက်လုပ်ဗုံးလို့ ယူဆရပါတယ်။” အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ဒီကနေ့ လားရှိုးမြို့အခြေအနေကတော့ ပုံမှန်ဘဲလို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တရားခံကိုဖော်ထုတ်နိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဘဲဖြစ်ကာ ရဲတပ်ဖွဲ့ရော စစ်တပ်ပါ ပူးပေါင်းပြီးတော့ လားရှိုးမြို့ကို လုံခြုံရေးပေး စောင့်ရှောက်နေတယ်လို့ တာဝန်ကျရဲအရာရှိက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024