သီတင်းကျွတ်ကန်တော့ပွဲ အန်အယ်လ်ဒီ ရုံးချုပ်တွင် ပြုလုပ် (ဓာတ်ပုံ)
DVB
·
October 28, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သီတင်းကျွတ်ကန်တော့ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်လ်ဒီရုံးချုပ်မှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
“တိုင်းပြည်နှင့် လူမျိုး ကောင်းစားရေးအတွက် ဦးဆောင်ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့ချုပ်ခေါင်းဆောင်များအား သီတင်းကျွတ်ကန်တော့ပွဲ” ဖြစ်ပြီး ပါတီရုံးချုပ် ဆောက်လက်စ အဆောက်အဦမှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။
အန်အယ်လ်ဒီ နာယက ဦးတင်ဦး အပါအ၀င် အဖွဲ့ချုပ်ခေါင်းဆောင် ၈ ဦးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေက သီတင်းကျွတ်ကန်တော့ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။