ဒီမိုကရေစီပြည်ထောင်စု ကြိုးစားထူထောင်မည်ဟု ဒေါ်စုကတိပြု (ရုပ်သံ)
DVB
·
October 24, 2015

ပြည်သူလိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုတခု ကြိုးစားထူထောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံတ၀န်း မဲဆွယ်စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကော့မှူးမြို့နယ် ခရီးစဉ်အတွင်း တွံတေးမြို့ လမ်းဆုံမှာ အခုလို ပြောကြားလိုက်တာပါ။
“ဒါလုပ်ပေးမယ်၊ ဟိုဟာလုပ်ပေးမယ်၊ ကိုယ့်မှာ လုပ်ပိုင်ခွင့်မရှိဘဲနဲ့ ဘယ်လိုလုပ် ကတိတွေပေးမှာလဲ။ နောက်တခုက ကျမတို့က ကတိတွေကို လွယ်လွယ်နဲ့ မပေးချင်ဘူး။ ဒီကတိတွေ မတည်ရင် ပြည်သူတွေရဲ့ ယုံကြည်မှုတွေဟာ ပျက်ပြားသွားလိမ့်မယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု မရှိဘဲနဲ့ ဘယ်လိုမှ ကျမတို့ အစိုးရတခုအနေနဲ့ အောင်အောင်မြင်မြင် လုပ်လို့ရမှာ မဟုတ်ဘူး။ ကျမတို့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်။ ပြည်သူ့ရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ရဲ့ ယုံကြည်မှုနဲ့ ကျမတို့နိုင်ငံကို ပြည်သူများ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုတခုဖြစ်အောင် ကြိုးစားပြီး ထူထောင်သွားမယ်လို့ ကျမတို့က ကတိပေးတာပါ။”
ရုပ်သံ - ကောင်းထက်ကျော်