ချစ်ချောနှင့်ပွမ်ပွမ်တို့ ပြက်လုံးများဖြင့် မဲဆွယ်နေသည့် မြိတ်အန်အယ်လ်ဒီ (ဓာတ်ပုံ)
DVB
·
October 17, 2015
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးပွဲမှာ ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် လူရွှင်တော် ချစ်ချောနဲ့ ပွမ်ပွမ်တို့က ပြက်လုံးတွေနဲ့ မဲဆွယ်ဟောပြောခဲ့ကြပါတယ်။
တနင်္သာရီတိုင်း မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၂၀ ရက်အထိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဇော်ဇော် (မြိတ်)