Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို သံတွဲဒေသခံ ထောင်ချီကြိုဆို
DVB
·
October 16, 2015
11167986_961732430531924_3215575098349046099_n
ရခိုင်ပြည်နယ်ကို ၃ ရက်တာ မဲဆွယ်စည်းရုံးရေး ခရီးစဉ် ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သံတွဲမြို့ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ရောက်ရှိလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သံတွဲလေဆိပ်မှာ ဒေသခံတွေ ထောင်နဲ့ချီပြီး ကြိုဆိုခဲ့ပါတယ်။ ဒီကနေ့မှာပဲ တောင်ကုတ်မြို့ကို သွားပြီး လူထုနဲ့ တွေ့ဆုံ ဟောပြောမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့မှာ သံတွဲ၊ ၁၈ ရက်နေ့မှာ ဂွမြို့နယ်ကနေပြီး ဧရာဝတီတိုင်းထဲက ရေကြည်၊ ငသိုင်းချောင်းဒေသတွေဆီကို မဲဆွယ်စည်းရုံးတာတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိ အခြေနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်လူထုဟောပြောပွဲအတွက် လုံခြုံရေးအရ စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024