Home
သတင်းဓာတ်ပုံ
အန်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး မန္တလေးတွင် စက်ဘီးစီးလှည့်လည် (ဓာတ်ပုံ)
DVB
·
October 13, 2015
12122828_766978843430368_2134661220774126808_n (1)
12119143_766995060095413_1636477578748374342_n
12107880_766995123428740_2623345629479127125_n
12074634_766995016762084_6307043908488500147_n
11181961_766995226762063_1784042584709035854_n
10416633_766978876763698_7069694585541932965_n
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှု တခုအနေနဲ့ မန္တလေးမြို့မှာ စက်ဘီးစီး လှည့်လည်စည်းရုံးခဲ့ပါတယ်။ မန္တလေးမြို့ M.B.A၊ M.F.R စက်ဘီးချစ်သူများအဖွဲ့နှင့် အန်အယ်လ်ဒီ အောင်နိုင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒီနေ့ နံနက် ၈ နာရီမှာ ၈၄ လမ်း၊ ၃၂x၃၃ လမ်းကြားမှစတင်ပြီး ချမ်းအေးသာစံမြို့နယ် အတွင်း ၃၅ လမ်း အနောက်လမ်း ၉၀ မှ လမ်း ၃၀ အတိုင်းအရှေ့သို့တက်ပြီး လမ်း ၆၀ သို့ မြောက်မှတောင်သို့ စီးနင်းပြီး ၃၅ လမ်းအတိုင်း အနောက်ကိုဆင်းကာ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရပ်နားကာ အဆုံးသတ်ခဲ့ကြပါတယ်။ ထူးခြားချက်အနေဖြင့် ပုံမှန်စီးနေကြ စက်ဘီးအနည်းငယ်သာပါဝင်ပြီး ပြိုင်စက်ဘီးအများစု ပါဝင်ကာ အင်အား ၂၀၀ ခန့်နီးပါး စီးနင်းပြီး လှည့်လည်စည်းရုံးရေးတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလှုပ်ရှားမှုအတွက် စီတန်းလှည့်လည်ခွင့် တရားဝင် အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024