Home
မြန်မာသတင်း
အလုံပိတ် ဆိုင် ၉ ဆိုင်ကို တာဝန်ရှိသူများ ၀င်စစ်
DVB
·
October 11, 2015
12107143_407346209465030_5668502879532575128_n
12106733_407346276131690_7421461763399179558_n
12095064_407346649464986_6560828686174319899_o
12091315_407346622798322_5473630407086057455_o
12072735_407346259465025_4626666294204891762_n
12072657_407346222798362_6350137453548298873_n
12049579_407346146131703_5363570735039251533_n
ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာပေါ် ပါလာတဲ့ ဧရာဝတီတိုင်း ဟင်္သာတတက္ကသိုလ်နားက အလုံပိတ် လက်ဖက်ရည်ဆိုင်တွေကို သက်ဆိုင်ရာက ၀င်ရောက်စစ်ဆေးပြီး အလုံပိတ်ဆိုင် ၉ ခုကို အကာအရံတွေ ဖျက်သိမ်းဖို့ ညွှန်ကြားခဲ့ကာ မလိုက်နာရင် ဆိုင်ပိတ်သိမ်းတဲ့ထိ အရေးယူသွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တပတ်လောက်က ဟင်္သာတတက္ကသိုလ်နားမှာ အလုံပိတ်လက်ဖက်ရည်ဆိုင်တွေ ဖွင့်လှစ် ရောင်းချနေတယ်ဆိုတဲ့သတင်း လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာလို့ အောက်တိုဘာ ၁၀ ရက်မှာ သက်ဆိုင်ရာက အဲဒီဆိုင်တွေကို ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ပြီး အလုံပိတ်အကာအရံတွေ ဖျက်သိမ်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဟင်္သာတတက္ကသိုလ်အနီး အလုံပိတ်သီးခြားအဆောင်များနဲ့  ဆိုင်ဖွင့်လှစ်ရောင်းချတာကြောင့်  ကျောင်းသားနဲ့ ကျောင်းသူများ စာရိတ္တ ပျက်ပြားနိုင်ပြီး မူးယစ်ဆေးဝါးအန္တရာယ်အတွက်လည်း စိုးရိမ်မှုရှိကြောင်း ဒေသခံတို့က ဝေဖန်မှု ရှိနေပါတယ်။ သီးခြားအဆောင်တွေက အကာအရံတွေကို အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီနောက်ဆုံးထား ဖျက်သိမ်းပေးဖို့ လယ်တီကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းခဲ့ကာ ရက်ကျော်လွန်ပါက စည်ပင်သာယာရေးဥပဒေနဲ့ အညီ ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ပြည့်ဖြိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024