Home
သတင်းဓာတ်ပုံ
ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
October 5, 2015
၂၀၁၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး အလုံမြို့နယ်၊ အထက (၄) ကျောင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပေးပို့ခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဖတ်ကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို ယူနက်စကို၊ ယူနီဆက်၊ အိုင်အယ်အို တို့ကပေးပို့ထားတဲ့ သဝဏ်လွှာကိုတော့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးက ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ဖတ်ကြားခဲ့ပါတယ်။ သတင်းဓာတ်ပုံ - လင်းဆက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024