Home
သတင်းဓာတ်ပုံ
မန္တလေးတွင် ယာဉ်ထိန်းရဲကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
DVB
·
September 24, 2015
123
12032091_760095957451990_7569275827095636205_n
12006676_760096214118631_5456483461524070219_o
11838781_760096177451968_1778623426596704542_o
11217829_760096157451970_3680439203181310491_n
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ ၁၉ x ၆၆ လမ်းထောင့်မှာ မနက် ၁၀ နာရီက ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ ယာဉ်ထိန်းရဲတပ်သားတဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။ ယာဉ်ထိန်းရဲတပ်သားကျော်ဇင်ဦးဟာ ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိတဲ့ လှစိုးထွန်းကို အရေးယူခဲ့တာကြောင့် အရေးယူမှုကိုမကျေနပ်တဲ့ ယာဉ်မောင်း လှစိုးထွန်းက အိမ်ပြန်ပြီး တခေါက်ပြန်လာကာ ယာဉ်ထိန်းရဲတပ်သား ကျော်ဇင်ဦးကို ဓားဖြင့်ထိုးခဲ့ပါတယ်။ ဓားနဲ့အထိုးခံရတဲ့ ယာဉ်ထိန်းရဲတပ်သားကို ဆေးရုံသို့ပို့ဆောင်ရာမှာ မနက် ၁၀ နာရီ မိနစ် ၂၀ အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဓာတ်ပုံ - အိမ်ခိုင်မြဲ    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024