ဖိအားပေးခံရမှုကြောင့် လွတ်မြောက်သတင်းထောက် သတင်းဌာနမှနုတ်ထွက်
DVB
·
September 17, 2015

ထိုင်းစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းပြီး လွတ်မြောက်လာတဲ့ ထိုင်းသတင်းထောက်ဟာ ဖိအားပေးခံရမှုကြောင့် သတင်းဌာနကနေ နုတ်ထွက်လိုက်ပါတယ်။
ဖမ်းဆီးထားတဲ့အချိန်မှာ ဖိအားပေးခံရတာကြောင့် နေရှင်းသတင်းစာကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း သတင်းထောက် ပရာဗစ်ရိုဂျန်ဖရုတ်က စက်တင်ဘာ ၁၆ ရက်က ပြောတယ်လို့ အေပီသတင်းကရေးပါတယ်။
သတင်းစာကို သူရဲ့အိမ်လို သဘောထားတဲ့အတွက် မပျက်စီးလိုတာကြောင့် နုတ်ထွက်ဖို့ တောင်းဆိုချက်ကို လက်ခံလိုက်တယ်လို့ သူက ပြောပါတယ်။
နေရှင်းသတင်းစာကတော့ ဒီဖြစ်ရပ်အပေါ် တစုံတရာ မှတ်ချက်ပေးပြောကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။
ပရာဗစ်ဟာ လူမှုရေးကွန်ရက် တွစ်တာကနေ မကြာခဏဆိုသလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး ရေးသားလေ့ရှိတဲ့အတွက် စက်တင်ဘာ ၁၃ ရက်မှာ သဘောထား ညှိနှိုင်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရာဗစ်ကို စစ်တပ်က ထိန်းသိမ်းခဲ့ပါတယ်။
ပရာဗစ်ဟာ နေရှင်းသတင်းစာမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းထောက်လည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်ထောက်တွေနဲ့ အာဏာသိမ်းတာကို ဝေဖန်တဲ့ အဖွဲ့တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပါတယ်။