Home အနုပညာ အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ ကွယ်လွန်
အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ ကွယ်လွန်
sa ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ အသက် (၆၁) နှစ်ဟာ ဇွန်လ ၁၃ ရက် မနက် ၆နာရီလောက်က ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံသစ်မှာ အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်သွားပါတယ်။
ဒေါ်နွဲ့နွဲ့မူကို ၁၉၅ဝ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့က ဟင်္သာတမြို့မှာ ဖခင်ဖြစ်သူ ဦးသော် (ပညာရေးဌာနဝန်ထမ်း) နဲ့ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်သိန်းရှင်တို့က မွေးဖွားခဲ့ပြီး သားသမီးငါးဦးအနက် တတိယမြောက် သမီးဖြစ်ပါတယ်။
၁၉ရဝ ပြည့်နှစ်ကျော်ကာလတွေတုန်းက မြန်မာ့ရုပ်ရှင်လောကမှာ အောင် မြင်တဲ့ မင်းသမီးတဦးအဖြစ် ရုပ်ရှင် ဇာတ်ကားပေါင်း ရာနဲ့ချီရိုက်ကူးခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ နော်ကူးမ ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့ပါတယ်။
ထို့နောက် ရုပ်ရှင်လောကနဲ့ ဆယ်စုနှစ် ၂ ခုကျော် အဆက်ပြတ်ခဲ့ပြီးတဲ့ နောက် လွန်ခဲ့တဲ့ ၈ နှစ်လောက်ကမှ ဗီဒီယိုဇာတ်လမ်းတွေမှာ ပြန်လည်သရုပ် ဆောင်ခဲ့ပါတယ်။
အနုပညာမျိုးရိုးရှိသူဖြစ်ပြီး ကွယ်လွန်သွားတဲ့ နာမည်ကျော်သရုပ်ဆောင် ဒေါ်ကြည်ကြည်ဌေးရဲ့တူမအရင်းလည်း ဖြစ်ပါတယ်။
သူရဲ့ထင်ရှားတဲ့ ရုပ်ရှင်ကားတွေကတော့ သမန်းကျား၊ ငယ်ကျွမ်းဆွေ၊ အကယ်ဒမီရတဲ့ နော်ကူးမ၊ နေခြည်ဖြာမှ နွေးသောကြောင့်၊ မမုန်းလေနဲ့ငပလီ၊ ပျဉ်းမငုတ်တိုစတဲ့ ရုပ်ရှင်ကားတွေဖြစ်ပါတယ်။
ဒေါ်နွဲ့နွဲ့မူရဲ့ သရုပ်ဆောင် အနုပညာနဲ့ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူက ခုလို အမှတ်တရ ပြောပါတယ်။
“ဒေါ်နွဲ့နွဲ့မူက နောက်ပိုင်း ကျနော်နဲ့ အမေဇာတ်လမ်းတွေရိုက်ဖူးတယ်။ အစ်မအနေနဲ့လည်း ရိုက်ဖူးတယ်။ အမေနွဲ့မူက မိဘမေတ္တာ ဇာတ်လမ်းတွေမှာ နိုင်နင်းပါတယ်။ ကရင်လူမျိုးတွေရဲ့စရိုက်ကို ကောင်းကောင်းသရုပ်ဆောင်နိုင်တယ်။ ကရင်လေသံရအောင် ပြောနိုင်တယ်။ ဟန်ပန်ကော၊ တကယ့်အနုပညာမှာ အနု ပညာကဝေလို့တောင် ပြောလို့ရတယ်။”
ဒေါ်နွဲ့နွဲ့မူရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၅ ရက်နေ့ မနက် ၁ဝ နာရီမှာ ဗားဂ ရာ ခရစ်ယာန်ဘုရားကျောင်းကို ပို့ဆောင်ကာ ဝတ်ပြုကိုးကွယ်ပြီး အဲဒီကမှတဆင့် ရေဝေး ခရစ်ယာန်သုသန်သို့ ပို့ဆောင်ဂူသွင်းမယ်လို့ သိရပါတယ်။
ဒေါ်နွဲ့နွဲ့မူ ကွယ်လွန်ချိန်မှာ သားတဦး၊ သမီးတဦး ကျန်ရစ်ပါတယ်။
ဆက်စပ်သတင်းများ