ဓာတုလက်နက် တားမြစ်ရေးစာချုပ် မြန်မာ လက်မှတ်ရေးထိုး

ဓာတုလက်နက် တားဆီးပိတ်ပင်ရေး  နိုင်ငံတကာစာချုပ်ကို မြန်မာနိုင်ငံက ဇူလိုင် ၈ ရက်မှာ အတည်ပြု လတ်မှတ်ရေးထိုးလိုက်တဲ့အတွက် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ (OPCW) ရဲ့ ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမယ်လို့ အဆိုပါအဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ မြန်မာရဲ့ အဖွဲ့ဝင် ဖြစ်မှုဟာ ရက် ၃၀ အတွင်း သက်ရောက်မှာဖြစ်ပြီး ဒါဟာ မြန်မာ့ ပြုပြင်ပြောင်းလဲမှုရဲ့ သိသာထင်ရှားတဲ့ အချက်ဖြစ်တယ်လို့လည်း ရိုက်တာသတင်းက ရေးပါတယ်။ ဒီစာချုပ်ကို အင်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယားနဲ့ တောင်ဆူဒန်နိုင်ငံတို့က လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။ စာချုပ်ပါ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မြန်မာနိုင်ငံအနေနဲ့ လိုက်နာ ကျင့်သုံးသွားမှာ ဖြစ်သလို ဓာတုလက်နက် ကင်းစင်ရေးအတွက် သက်ဆိုင်ရာ တခြားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စောင့်ကြည့်နေတယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ထုတ်ပြန်ချက်ပါ ပြောဆိုမှုကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို အကောင်ထည်ဖော်တဲ့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ   ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up