ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူများကို ယနေ့ ထပ်မံရုံးထုတ် စစ်ဆေးမည်
DVB
·
June 16, 2015
အမျိုးသားပညာရေး ဥပဒေကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ သာယာဝတီ ခရိုင်တရားရုံးမှာ ထပ်မံ ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။
အခုလို ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီတရားရုံးမှာ ရုံးတင် စစ်ဆေးနေတာဟာ အခုအကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဇွန်လ ၉ ရက်နေ့က ဖမ်းဆီးခံကျောင်းသားတချို့နဲ့ ၀န်းရံပြည်သူတချို့ကို သာယာဝတီတရားရုံးမှာအမှု စစ်ဆေးဖို့ ရုံးထုတ်လာရင်း ၀န်းရံပြည်သူတွေထဲက တဦးမေ့လဲတာကြောင့် အရေးပေါ်ဆေးရုံတင်ရပြီး ရုံးချိန်းရပ်နားခဲ့တာပါ။
လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။
သာယာဝတီထောင်မှာတော့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည် သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။