Home
မြန်မာသတင်း
ကိုယ်တိုင်ဘီယာချက်နိုင်အောင် ကူညီပေးမည့် တန်ဖိုးနည်း ဘီယာချက်စက်
DVB
·
June 8, 2015
လူကြီးမင်းသာ ဘီယာအကြိုက်သောက်သူဆိုရင်တော့ ဘရူဝီ(Brewie) ဘီယာချက်စက် စနစ်က ဘာမှလုပ်စရာမလိုဘဲ ကိုယ်တိုင်ဘီယာချက်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဘီယာချက်စက်ကို တွဲဖက်တည်ထောင်သူ ပေါလ်မာဆယ်လ် က "ဘီယာချက်လုပ်ရာမှာ အချိန်အများကြီးယူရတာက အကြီးဆုံးပြဿနာပဲ။ ကျနော်တို့က အဲ့ဒီ ပြဿနာကို ကျော်ချင်တာပါ။ ဒါနဲ့ ကျနော်တို့က ချက်စက်ထဲကို လိုအပ်တဲ့အမယ်တွေ ထည့်ပြီးတာနဲ့ စက်နားမှာ စောင့်နေစရာမလိုတဲ့ စနစ်တခုကို စိတ်ကူးမိသွားတယ်။ ဘီယာချက်နေတဲ့ လုပ်ငန်း စဉ်တစ်ခုလုံးကို ပီစီ၊ တက်ဘလက် ဒါမှမဟုတ် စမတ်ဖုန်းကနေ စောင့်ကြည့် ထိန်းချုပ်နိုင်မယ့် စနစ် ပေါ့နော်"လို့ ရှင်းပြပါတယ်။ မာဆယ်လ်နဲ့ ဘူဒါပတ်စ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ဘီယာချက်စက် ဘရူဝီကို ထုတ်လုပ်နိုင်ဖို့ လူထုရန်ပုံငွေကောက်ခံရာမှာ ၉ ရက်အတွင်း အပြည့်အစုံရရှိခဲ့ပါတယ်။ တခြားဘီယာချက်စက်တွေနဲ့ မတူတဲ့ ဘရူဝီရဲ့အားသာချက်ကတော့ ဘီယာချက်လုပ်ငန်းစဉ်နဲ့ ပတ်သက်သမျှ အချက်အလက်တွေ ထည့်ထားတဲ့ ရေဒီယိုလှိုင်းသုံး အိုင်ဒီကတ် ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဒီစက်ထဲမှာ ဘီယာအမျိုးမျိုးချက်နိုင်မယ့်နည်းစဉ် ၂၀၀ ကို ကြိုချိန်ထားနိုင်ပြီး အလိုအလျောက် တုံ့ပြန်နိုင်တဲ့စနစ်တခု ပါဝင်ပါတယ်။ ဒီစက်က အချိန်အဆနဲ့ အပူချိန်ကို ထိန်းချုပ်ပေးပါတယ်။ ချက်ပြီး ရက်အနည်းငယ်ကြာ အချဉ်ဖောက်ထားပြီးတဲ့နောက် စမတ်ဖုန်းပေါ်က ဘရူဝီအက်ပလီကေးရှင်းကနေ ချက်လုပ်သူတွေကို သူတို့ရဲ့ အိမ်တွင်းဖြစ် ဘီယာအသင့်ဖြစ်နေကြောင်း အချက်ပေးပါတော့တယ်။ ဒီဘီယာ ဘယ်လောက် ကောင်းလဲ ဆိုတာကို ဒက်ခ်ျလူမျိုး ဘီယာချက်ပညာရှင် ရော့ဒရစ်ဂူဆင် က ခုလို ရှင်းပြခဲ့ပါတယ်။ "စ မြည်းလိုက်ချိန်မှာ ခွဲပြီးပြောဖို့တောင် ခက်သွားတယ်။ ပြေပြစ်တယ်။ အရသာမျှတယ်။ သောက်လိုက်ရင် တကယ့်ကို လျှာရင်းမျက်သွားတယ်ဗျာ။ တနေကုန်သောက်ချင်နေမှာ သေချာတယ်။" ဒါပေမယ့် ဘရူဝီနဲ့ပတ်သက်သမျှအချက်တွေထဲမှာ ဆွဲဆာင်မှုအရှိဆုံးကတော့ သူ့ရဲ့ဈေးနှုန်း ပါပဲ။ ဘီယာ ၁ ပိုင့်အတွက် ကုန်ကျစရိတ်ဟာ ၀.၃၀ ဆင့် ပဲရှိပါတယ်။ ဒီစက်တွေကို အာဂျင်တီးနား၊ ဥရောပ၊ အင်ဒိုနီးရှား နဲ့ အမေရိကန်မှာ ဖြန့်ချိဖို့ အသင့်ဖြစ်နေပြီလို့ သူတို့အဖွဲ့က ပြောပါတယ်။ [gallery ids="96719,96720,96721,96722,96723,96724,96725,96726"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024