Home
မြန်မာသတင်း
လှေစီးဒုက္ခသည်များကို ကယ်တင်ရန် အရှေ့တောင်အာရှ အစိုးရများကို အေအိုင် တိုက်တွန်း
DVB
·
May 14, 2015
ထောင်ချီတဲ့လူတွေ လှေပေါ်မှာ အားကိုးရာမဲ့ သောင်တင်ပြီး အသက်ဆုံးရှုံးမယ့် ဖြစ်ရပ်တွေ မဖြစ်အောင် အမြန်ဆုံး ကယ်ဆယ် ရှာဖွေဖို့ အရှေ့တောင် အာရှ အစိုးရတွေကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ခိုလှုံခွင့်တောင်းခံဖို့ ထောင်ချီ လှေစီး ဒုက္ခသည်တွေက မလေးရှား၊ အင်ဒိုနီးရှားတွေကို ရောက်ရှိလာပြီးတဲ့နောက် အေအိုင်အဖွဲ့က မေ ၁၃ ရက်မှာ  တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ “ဒေသတွင်း တိုင်းပြည်တွေ ပူပေါင်းပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဖို့ အရေးကြီးပါတယ်၊ အနည်းငယ်နောက်ကျသွားတာနဲ့ ထောင်ချီတဲ့ လူတွေ အတွက် သေဒဏ်လို ဖြစ်နေပါတယ်” လို့ အေအိုင်ရဲ့ အာရှပစိတ်ဖိတ် သုတေသီက ပြောပါတယ်။ ကလေးအပါအ၀င် လူ ၃၅၀ လောက်တင်ဆောင်လာတဲ့ လှေဟာ ထိုင်းနဲ့ မလေးရှားကမ်းရိုးတန်းတွေမှာ မျောနေတယ်လို့ အေအိုင်က အတည်ပြုခဲ့ပါတယ်။ လှေစီးဒုက္ခသည်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလို့ ယူဆနေပြီး ရက်ပေါင်းများစွာ ပင်လယ်ထဲမှာ သောင်တင်နေပါတယ်။ လှေကို မောင်းနှင်တဲ့သူတွေကလည်း လှေကို စွန့်ခွာသွားတဲ့အတွက် သူတို့ဆီမှာ စားစရာ သောက်စရာ လိုအပ်နေသလို အရေးပေါ် ကုသခံဖို့ လိုနေတယ်လို့ အေအိုင်အဖွဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ လူ ၄၀၀ လောက်ပါဝင်တဲ့ လှေတစီးကို အစာအာဟာရနဲ့ လောစာတွေ ထောက်ပံ့ပေးပြီးတဲ့နောက် အင်ဒိုနီးရှားရေတပ်က ပင်လယ်ထဲကို ပြန်လည်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ထိုင်းမှာ တရားမ၀င်နေထိုင်သူတွေကို နှိမ်နင်းနေတာဟာလည်း လူကုန်ကူးတဲ့သူတွေ အတွက် လမ်းကြောင်း အသစ်ကို ရှာဖွေလာတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ကတော့ ထိုင်းရေပိုင်နက် အနီးမှာ လှေစီး ဒုက္ခသည် ၈၀၀၀ လောက်ရှိနေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024