Home
မြန်မာသတင်း
လုပ်သားကောင်း ပုရွက်ဆိတ် စက်ရုပ်
DVB
·
April 9, 2015
ပုရွက်ဆိတ်တွေနဲ့ သူတို့ရဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပုရွက်အုပ်တွေဟာ စုပေါင်းလုပ်ဆောင်မှုနဲ့ အလုပ်ကြိုးစားမှုတို့ကြောင့် နာမည်ကျော်ပါတယ်။ သူတို့ဟာ အချင်းချင်း ဆက်သွယ်ပြီး ပူးပေါင်းလုပ်ဆောင်ကြတာကြောင့် တကောင်ချင်းလုပ်ဆောင်တာထက် ပိုပြီး ခရီးရောက်ပါတယ်။ လူသားတဦးရဲ့ လက်အရွယ်ရှိတဲ့ စက်ရုပ်တပိုင်း ပုရွက်ဆိတ်တွေကို ဂျာမန်ကုမ္ပဏီ ဖက်စတိုမှ ဆန်းသစ်တီထွင်လိုက်ပါပြီ။ ဒီနည်းပညာကုမ္ပဏီဟာ တကယ့်လုပ်သား ပုရွက်ဆိတ်တွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ စုပေါင်း လုပ်ဆောင်ပုံကို တုပကာ 3D ပုံနှိပ်စက်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ စက်ရုပ်ပုရွက်ဆိတ်တွေဟာ ကင်မရာတလုံးနဲ့ ကြမ်းပြင်အာရုံခံဆင်ဆာကို သုံးပြီး တည်နေရာကို ဆုံးဖြတ်ကြမှာပါ။ သယ်ယူမယ့်ပစ္စည်းတွေကို ဆုပ်ကိုင်ဖို့အတွက် သူတို့မှာ ကုပ်တံတွေ ပါရှိပြီး ပုရွက်ဆိတ်အစစ်တွေလိုပဲ ခြေချောင်း ၆ ချောင်း ပါရှိပါတယ်။ ကြိုးမဲ့စနစ်ကို သုံးပြီး ဆက်သွယ်မှု ပြုလုပ်ကြတာမို့  ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အခက်အခဲ မရှိပါဘူး။ သူတို့ရဲ့ အထူးဦးမင်တွေကိုသုံးပြီး ဘထ္ထရီအားသွင်းလို့ရပါတယ်။ နောင်တချိန်မှာ ဒီလိုစက်ရုပ်တွေသာ စက်ရုံလုပ်သားတွေ ဖြစ်လာမယ်ဆိုရင် ထုတ်လုပ်မှု ပိုမိုကောင်းမွန်လာမယ်လို့ တီထွင်သူတွေက ဆိုပါတယ်။ သူတို့ရဲ့ လုပ်သားကောင်း စက်ရုပ်အငယ်စားလေးတွေကို လာမယ့်လမှာ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံး စက်ရုံသုံး နည်းပညာပြပွဲမှာ ပြသသွားဖို့ ရှိပါတယ်။ [gallery ids="88900,88901,88902,88903,88904,88905"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024