Home
မြန်မာသတင်း
နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးမည့် ကိရိယာ
DVB
·
April 5, 2015
ကျနော်တို့အများစုဟာ နေသာတဲ့နေ့ကို နှစ်သက်ကြပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အတွက် ကျန်းမာရေးအကျိုးကျေးဇူး များစွာရနိုင်ပါတယ်။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည် အများကြီး ထိတွေ့မိရင်တော့ အန္တရာယ်ရှိပါတယ်။ ဆော်လစ်တဲကိရိယာဟာ ကျနော်တို့ရဲ့အရေပြားက နေရောင်ခြည် ပမာဏဘယ်လောက်ထိ တွေ့သင့်လဲဆိုတာကို သိစေဖို့ ရည်ရွယ်ပါတယ်။ အခုလက်ရှိမှာ နက်ကတိုင် လည်စည်းကလစ် ဒါမှမဟုတ် ခေါင်းညှပ်ကလစ်ပုံစံ ပြုလုပ်ထားတဲ့ ဒီကိရိယာဟာ ၀တ်ဆင်ထားသူရဲ့ နေရောင်ခြည်ထိတွေ့မှုနဲ့ပတ်သတ်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ရမယ့်အချိန်ရောက်တာနဲ့ အကြုံပြုချက် တွေ ပေးမှာဖြစ်ပါတယ်။ ကိန်းဘရစ်အကြံပေးအဖွဲ့မှ တီထွင်သူတဦးဖြစ်တဲ့ ပီတာလူဘီကာက "တဖက်ကနေ ကြည့်မယ်ဆိုရင် အရေပြားကင်ဆာလို ဆိုးကျိုးဖြစ်စေမယ့် သက်ရောက်မှုတွေနဲ့ နေရောင်ခြည်ထိတွေ့မူကြောင့် အရေပြား အိုမင်းရင့်ရော်လာမှုအပေါ် သတိထားမိလာကြဖို့ပါ။ အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ ဗိုက်တာမင်ဒီဓာတ်တွေ အရေပြားထဲမှာ တိုးပွားလာမယ်။ ဒါပေမယ့် ရာသီပြောင်းချိန် ရုပ်ပိုင်း စိတ်ပိုင်း ကစဥ့်ကလျားရောဂါတွေ ရနိုင်တယ်။ ဒါလေးက နေရောင်ခြည်ထိတွေ့မှုကြောင့်ဖြစ်ရတဲ့ အဆိုးဘက်ခြမ်းနဲ့ အကောင်းဘက်ခြမ်းကို ဟန်ချက်ညီအောင် ချိန်ညှိပေးတဲ့ကိရိယာပေါ့" လို့ ပြောပါတယ်။ သုံးစွဲသူဟာ စမတ်ဖုန်း app ကနေတဆင့် ကိုယ့်ရဲ့အရေပြားရောင်ခြယ်ကို မှတ်တမ်းယူရပါမယ်။ ဒီကိရိယာက မိုးလေ၀သခန့်မှန်းချက်နဲ့ သုံးစွဲသူရဲ့ ကြိုတင်စီစဉ်ထားတဲ့ လှုပ်ရှားသွားလာမှုတွေကို ပေါင်းပြီး ချိန်ညှိပေးမှာပါ။ ပထ၀ီအနေအထားကို လိုက်ပြီး နေရောင်ခြည်ထိတွေ့မှုအဆင့်ကို ချိန်ညှိပေးမှာဖြစ်ပါတယ်။ ဥပမာ စကော်တလန်သားတွေဟာ အီဂျစ်ပြည်သားတွေထက် နေရောင်ခြည် ပိုခံသင့်ပါတယ်။ အဆင့်မြင့်ပေးပို့ချက်တွေကို အချိန်နဲ့တပြေးညီ သူတို့ရဲ့စမတ်ဖုန်းတွေထဲကို တနေ့လုံး ပေးပို့နေမှာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ တခြား နေရောင်ခြည်တိုင်း စောင့်ကြည့်ရေး ကိရိယာတွေ ရှိနေပေမယ့် ဆော်လစ်တဲဟာ လူတဦးချင်းစီအတွက် နေရောင်ခြည်ကာကွယ်မှုတွေ လုပ်ပေးနိုင်တာပါလို့ လူဘီကာ က ပြောပါတယ်။ "ကျနော်တို့ရဲ့ ကိရိယာက အရောင်တိုင်းတာမှု၊ အမြင်အာရုံနဲ့ ပုံရိပ်ပုံခွဲခြမ်း စိတ်ဖြာမှုတွေမှာ အရမ်းကို ကောင်းပါတယ်။ ဒီလိုထူးခြားတဲ့ စွမ်းရည်တွေ ပါတဲ့အတွက် အရေပြားကို ကြည့်လိုက်တာနဲ့ ရလာတဲ့ သတင်းအချက်အလက်တွေကို app ထဲကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်။ ဒီတော့ ကြိုခန့်မှန်းပေးတဲ့ အဆင့်ဘယ်လောက်ဆိုရင် အန္တရာယ်ကင်းလဲ တွက်ချက်နိုင်တာပေါ့။" သုံးစွဲသူက နေပူခံလိမ်းဆေး လိမ်းထားမထားကိုလည်း တွက်ချက်နိုင်လောက်အောင် ဆော်လစ်တဲက စွမ်းရည်မြင့်မားပါတယ်။ "ဒီကိရိယာဟာ နေပူခံဆေးအစားထိုးအဖြစ် ထုတ်ထားတဲ့ကိရိယာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသားအရည် အမျိုးအစား၊ SPF ပမာဏ၊ ကိုယ်ရောက်နေတဲ့နေရာ တနေ့တာအတွက် ကိုယ်စီစဉ်ထားတဲ့ လှုပ်ရှားမှုတွေပေါ် မူတည်ပြီး အန္တရာယ်ကင်းကင်းနေနိုင်ဖို့ ညီမျှခြင်းတခု ထုတ်ပေးတဲ့ ကိရိယာပါ။" အဖွဲ့ဟာ ဒီကိရိယာကို ဘယ်သူမှသတိမထားမိလောက်အောင် ကြယ်သီးအရွယ်ထိ လျော့ချဖို့ စီစဉ်ထားပါတယ်။ သူတို့ရည်ရွယ်တာကတော့ ကိုယ့်ရဲ့ကိုယ်ပေါ်မှာ အ၀တ်အစား အတိုအပြတ် ဘယ်လောက်ပဲဝတ်ထားထား နေရောင်ခြည်အောက်မှာ စိတ်ချလက်ချ နေနိုင်ဖို့ပါပဲ။ [gallery ids="88379,88380,88381,88382,88383,88384,88385"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024