Home
မြန်မာသတင်း
ကိုယ်ပိုင်စက်ရုပ် တည်ဆောက်နိုင်တော့မည်
DVB
·
March 26, 2015
ဟူဆေးရီးယန်းကုမ္ပဏီမှ ပိုလန်လူမျိုး သိပ္ပံပညာရှင် ဒေါမနစ်နိုဗက်ခ်နဲ့ ရာဒိုဆလောဂျရီးမားတို့ တီထွင်ထားတဲ့ ကိရိယာသစ်ကြောင့် လူတွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်စက်ရုပ်ကို တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။ တီထွင်ထားတဲ့ ကိရိယာသစ်ဟာ စက်ရုပ်ရဲ့ ပင်မအာရုံကြောစနစ်အဖြစ် ပြုမှုပေးပြီး လူတွေအတွက် ကိုယ်စဉ်းစားလို့ ရသမျှ ဘယ်လို စက်ရုပ်ပုံစံမျိုးကိုမဆို စက်ပိုင်းဆိုင်ရာနဲ့ ကွန်ပျူတာညွှန်ကြားချက်ပိုင်းဆိုင်ရာတွေကို သုံးပြီး တည်ဆောက်နိုင်အောင် ပံ့ပိုးပေးထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ ပရိုဂရမ်ဆွဲခြင်းနဲ့ အင်ဂျင်နီယာအတတ်ပညာတို့ တက်ထားဖို့ လုံးဝမလိုပါဘူး။ "သုံးစွဲသူအနေနဲ့ ရိုဘိုကောကိုသုံးပြီး ကိုယ်ပိုင်စက်တခုကို ဖန်တီးနိုင်မှာပါ။ အင်ဂျင်တွေနဲ့ ဆင်ဆာတွေအတွက် ရိုဘိုကောကို ချိတ်ဆက်ပစ္စည်းအမျိုးမျိုးကနေ တဆင့် လျှပ်စစ်အား သွင်း နိုင်ပါတယ်။ ပြီးတော့ အင်တာနက်ကနေတဆင့် ချိတ်ဆက်ပြီး သူတို့ရဲ့စက်ကို ပရိုဂရမ် သွင်းလာနိုင်မယ်။ နောက်တော့ စက်ရဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်မယ်၊ ပဲ့ကိုင်မယ်၊ လမ်းညွှန်မယ်၊ ကြီးကြပ်မယ်" တီထွင်သူတွေက ပြောပါတယ်။ ရိုဘိုကောမှာ အဆင်မြင့်နည်းပညာတွေ ပါဝင်ပေမဲ့ ဒီဇိုင်နာတွေဟာ သုံးစွဲသူတွေအတွက် ရိုးရှင်းတဲ့စနစ်ကိုပဲ ထားရှိပေးထားပါတယ်။ ဒီစက်ရုပ်ဟာ ဘယ်လို စက်ပစ္စည်းစနစ်မျိုးနဲ့ မဆို တွဲဖက် အသုံးပြုနိုင်ပြီး Lego's Mindstorm လို cloud-based ဆော့ဝဲလ်တွေကို သုံးပြီး အပြီးသတ် စက်ရုပ်တည်ဆောက်မှုကို ထိန်းချုပ်နိုင်ပါတယ်။ ရိုဘိုကောကို အခြေခံထားတဲ့ စက်ရုပ်တည်ဆောက်သူတွေဟာ စက်ရုပ်တွေကို ကစားဖို့အတွက်ရော၊ ၀ါသနာအတွက်ပါ တည်ဆောက်နိုင်ပါတယ်။ ဒီစက်ရုပ်တွေဟာ လူသားတွေရဲ့ သာမန်ပြဿနာတွေကိုပါ ဖြေရှင်းနိုင်ပါတယ်။ အလုပ်ရုံကြီးတွေထဲမှာ လုပ်ငန်း စတင်ရတဲ့ နည်းပညာကုမ္ပဏီကြီးတွေအတွက်လည်း ရည်ရွယ်ပါတယ်။ ကမ္ဘာတ၀ှမ်းက အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့လူတွေကလည်း ကျနော်တို့ရဲ့ ဘ၀ကို အနည်းနဲ့ အများ တိုးတက်စေမယ့် ကျနော်တို့ရဲ့ ဖြေရှင်းနည်းတွေ၊ လုပ်ငန်းလည်ပတ်မှုစနစ်တွေကို သုံးပြီး စက်ရုပ်တွေ တည်ဆောက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရိုဘိုကောကို အရွယ်အစား ၂ မျိုး ထုတ်လုပ်ပြီး ကုမ္ပဏီဟာ လုပ်ငန်းစတင်ဖို့အတွက် လူထု ရန်ပုံငွေကောက်ခံရာမှာ လိုအပ်တာထက်ကို ပိုမိုရရှိခဲ့ပါတယ်။  ခြုံပြောရရင် ကိုယ့်ရဲ့ ကိုယ်ရေးလက်ထောက်စက်ရုပ်တရုပ်ရှိထားတာဟာ အလှမ်းကျယ်လွန်းတဲ့ အကြံတခုတော့ မဟုတ်ပါဘူး။ [gallery ids="87226,87227,87228,87229,87230,87231,87232"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024