Home
မြန်မာသတင်း
မိုဘိုင်းလောကတွင် ကြိုးမဲ့အားသွင်းစနစ် စိတ်ဝင်စားမှုများပြား
DVB
·
March 17, 2015
ဖုန်းကုမ္ပဏီကြီး ၂ ခုရဲ့ကျေးဇူးကြောင့် ကြိုးမဲ့အားသွင်းစနစ်ဟာ ဒီ ၁ ပတ်အတွက် မိုဘိုင်းလောကမှာ လူစိတ်အ၀င်အစားဆုံး ဖြစ်လာပါတယ်။ အိုင်ကေအီးအေ(IKEA)ဟာ ဖုန်းအားသွင်းနိုင်မယ့် ပရိဘောဂတွေကို ထုတ်လုပ်လိုက်သလိုပဲ ဆမ်ဆောင်းကလည်း ကြိုးမဲ့အားသွင်းနိုင်တဲ့ S6 မော်ဒယ်အသစ်တွေကို ထုတ်လုပ်လာတယ်လို့ ဆမ်းဆောင်းကုမ္ပဏီရဲ့ ယူကေနဲ့ အိုင်ယာလန် လျှပ်စစ်နည်းပညာဥက္ကဋ္ဌ အန်ဒီဂရစ်ဖစ်သ် က ဆိုပါတယ်။ "ကျနော်တို့ကုမ္ပဏီက ဖုန်းတွင်းမှာ ကြိုးမဲ့အားသွင်းစနစ်ကို ပထမဆုံး ထည့်သွင်းပေးနိုင်တဲ့ ကုမ္ပဏီပါ။ ဒါက ဒီထုတ်ကုန်ရဲ့ အားသာချက်ပေါ့။ အဲဒီတော့ ကျနော်တို့ဖောက်သည်တွေအဖို့ အားသွင်းရတာ ဘက်ထရီကို ကိုင်တွယ် သုံးစွဲရတာ အဆင်ပြေတာပေါ့။" S6 တွေကို ဧပြီလမှာ ရောင်းချမှာဖြစ်ပြီး အိုင်ကေအီးအေကလည်း အားသွင်းပေါက်တွေကို အိပ်ရာဘေး စားပွဲတွေ၊ မီးအိမ်တွေနဲ့ စာကြည့်စားပွဲတွေမှာ ထည့်သွင်းတပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ အိုင်ကေအီးအေရဲ့ အားသွင်းပေါက်တပ်ဆင်ခက ယူရို ၂၀ သာ ကျသင့်မှာ ဖြစ်ပြီး အိမ်မှာရှိတဲ့ ပရိဘောဂတွေထဲမှာ အားသွင်းပစ္စည်အစုံ တပ်ဆင်မယ်ဆိုရင်တော့ ယူရို ၃၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဆမ်ဆောင်းနဲ့ အိုင်ကေအီးအေရဲ့ ထုတ်ကုန်တွေမှာ ကမ္ဘာ့လျှပ်စစ်စွမ်းအားအကျိုးတူကုမ္ပဏီကနေ သတ်မှတ်ထားတဲ့ Qi(ချီ)ဆိုတဲ့ အားသွင်းစံနှုန်းကို အသုံးပြုထားပါတယ်။ "ဒီစနစ်က လျှပ်စစ်စက်ကွင်းနဲ့အားသွင်းတာပါ။ ကွိုင်နှစ်ခုကြားမှာ ဖြတ်သန်းတဲ့လျှပ်စစ်ကို သုံးတာပါ။ ဟောဒီမှာ ကွိုင်တစ်ခု။ ဟောဒီလက်ခံထဲမှာ ကွိုင်တခု။ ဒီတော့ ဒီကွိုင်ကို စမတ်ဖုန်း ဒါမှမဟုတ် မိုဘိုင်းဖုန်းထဲမှာ ထည့်ဆောက်လိုက်တဲ့အတွက် ကွိုင်နှစ်ခုကို အနီးဆုံးထားလိုက်တာနဲ့ တုန်ခါမှုလေး ပေါ်လာပြီး အားစသွင်းတော့တာပဲ"လို့ အကျိုးတုကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူ ရိုင်ယန်ဆန်ဒါဆန်က ဆိုပါတယ်။ အိုင်ကေအီးအေနဲ့ ဆမ်ဆောင်းကုမ္ပဏီကတော့ ဖုန်းတွင်းကြိုးမဲ့အားသွင်းစနစ်ဟာ အကျိုးများစွာ ဖြစ်ထွန်းမယ်လို့ မျှော်လင့်ထားကြပါတယ်။ [gallery ids="85952,85953,85954,85955,85956,85957"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024