Home
မြန်မာသတင်း
ဝန်ကြီးဒေါက်တာဇော်ဝေစိုး ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ
ဇော်ဇော်လှိုင်
·
May 19, 2024
NUG meent Japan 1_19052024
NUG meent Japan 2_19052024
NUG meent Japan 3_19052024
NUG meent Japan 4_19052024
NUG meent Japan 5_19052024
NUG meent Japan 6_19052024
NUG meent Japan 7_19052024

ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ ဒီနေ့ မေ ၁၉ ရက် မနက်ပိုင်းက ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုကျိုမြို့က Totsuka Chiiki Center Hall မှာ တွေဆုံတာဖြစ်ပြီး ဝန်ကြီးနဲ့အတူ  အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း၊ စီဒီအမ်မြန်မာသံရုံး အတွင်းဝန် ဦးအောင်စိုးမိုးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ၊ မြန်မာ့နွေဦးတော်လှန်ရေးကို ကူညီအားပေးနေတဲ့ ဂျပန်လူမျိုးတွေ ခန်းမပြည့်လာရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်ပရောက်နွေဦးတော်လှန်ရေး ထောက်ပို့သမားတွေရဲ့ အခန်းကဏ္ဍနဲ့ လက်ရှိအချိန်မှာ တော်လှန်ရေးအောင်မြင်အဆုံးသတ်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။

တွေ့ဆုံပွဲ တက်ရောက်လာသူတွေရဲ့ မေးမြန်းတာတွေကိုလည်း ပြန်လည်ရှင်းပြခဲ့ပြီး  မြန်မာနိုင်ငံ တော်လှန်ရေးဒေသအသီးသီးရဲ့ ဆေးရုံ၊ ဆေးခန်းတွေက CDM ကျန်းမာရေးနဲ့ ဆေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုငွေကို ဂျပန်နိုင်ငံရောက် ကျန်းမာရေးနဲ့ ဆေးဝန်ထမ်းတွေကိုယ်စား ဒေါက်တာခင်ဇေယျာမြင့်က ဝန်ကြီးကတဆင့် ပေးအပ်ခဲ့ပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ဟာ ဂျပန်နိုင်ငံကမြို့ကြီးတွေဖြစ်တဲ့ အိုဆာကာ၊ နဂိုယာနဲ့ အိုကာယမ တို့မှာလည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဦးမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024