Home
နိုင်ငံတကာ
နိုင်ငံသားအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု အင်ဒိုရွေးကောက်ခံသမ္မတ ပရာဘိုဝို ကတိပြု
DVB
·
April 25, 2024

အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတသစ် ပရာဘိုဝို ဆူဘီယံတိုဟာ အင်ဒိုနီးရှားနိုင်ငံသား အားလုံးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဧပြီ ၂၄ ရက်မှာ ကတိပြုခဲ့ပါတယ်။

နိုင်ငံက ရှေ့ကို အရောက်လှမ်းနိုင်ဖို့ နိုင်ငံရေးထိပ်သီးတွေကြား စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာလမှာ သမ္မတရာထူးကို လွှဲမယူမီ လွှတ်တော်အတွင်း သူ့အင်အားစုတွေ အားကောင်းလာစေဖို့ ကြိုးပမ်းနေတာပါ။

ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် အတည်ပြုခံရတဲ့ အခမ်းအနားတခုမှာ ခုလိုပြောလိုက်တာလည်း ဖြစ်ပါတယ်။

မဲအပြတ်အသတ်အသာနဲ့ အနိုင်ရခဲ့တဲ့ ပရာဘိုဝိုက သူဟာ နိုင်ငံတွင်းက ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ စကားပြောဆိုနေပြီး ဘုံအကျိုးစီးပွားအတွက် ပါတီတွေ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ပရာဘိုဝိုနဲ့ သူ့တွဲဖက် အရွေးခံမယ့် ကိုယ်စားလှယ်တို့က အရည်အချင်း မပြည့်မီဘူးဆိုတဲ့ စွဲချက်တွေနဲ့ သမ္မတရွေးကောက်ပွဲကို ပြန်ကျင်းပဖို့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက အခြေခံဥပဒေခုံရုံးမှာ တောင်းဆိုခဲ့တာပါ။

စိန်ခေါ်မှုတွေကို အခြေခံဥပဒေခုံရုံးက ပယ်ချခဲ့လို့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ အဆုံးသတ်အပြီး နှစ်ရက်အကြာမှာ အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024