Home
မြန်မာသတင်း
မူဆယ်တွင် ပြန်ပေးဆွဲ ဓားပြအဖွဲ့ဝင်အချို့ ဖမ်းမိ
DVB
·
April 22, 2024

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့က ပြန်ပေးဆွဲ ဓားပြအဖွဲ့ဝင်တချို့ကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေ ဖမ်းမိထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “မူဆယ်မှာ ဂြိုဟ်မွှေနေတဲ့ကောင်တွေ (စစ်ကောင်စီ) ဗျူဟာက လာခေါ်သွားပြီ။ မူဆယ်မှာ ပြန်ပေးဆွဲ လုပ်စားနေတဲ့ သူခိုး၊ ဓားပြ အဖွဲ့တွေလေ။ အဲဒီကောင်တွေက အဖွဲ့အစည်း ဟုတ်မဟုတ် မသိသေးဘူး။ ပြန်ပေးဆွဲ၊ ဓားပြတိုက်စားနေတဲ့ မူဆယ်က ဇာတ်လိုက်ကောင်တွေလို့ပဲ သိရတယ်။ ဘယ်လို အဖွဲ့ဖွဲ့ထားလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဖမ်းမိထားတဲ့ ပြန်ပေးဆွဲ ဓားပြအဖွဲ့ဝင် ၉ ဦးရှိပြီး ဧပြီ ၁၉ ရက်‌ကနေ ၂၁ ရက်ကြား ဖမ်းမိထားတာလို့ သိရကြောင်း သူက ပြောပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဖမ်းဆီးမိပြီး စစ်ဆေးနေတဲ့ ဗီဒီယိုဖိုင်မှာတော့ စစ်ဆေးခံရသူက သူတို့အားလုံး ကားမောင်းသူနဲ့ဆို ၉ ဦးဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

နယ်စပ် ကုန်သည်တဦးက “ကျနော့်ကို ပြန်ပြေးဆွဲအဖွဲ့က လိုက်ဖမ်းနေလို့ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

မူဆယ်မှာတော့ ပြန်ပေးဆွဲ၊ ဓားပြတိုက် ငွေညှစ်နေတဲ့ အုပ်စုတွေက မုန့်ဟင်းခါးသည်၊ ကုန်စိမ်းသည်၊ ကြက်သားသည်၊ သံတိုသံစ ရောင်းဝယ်သူပါမကျန် ဆိုင်ကယ်ပြင်ဆိုင်၊ မိတ္တူဆိုင်၊ ကုန်စုံဆိုင် စသဖြင့် ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ တော်ဝောာ်များများ ပြန်ပေးဆွဲခံရလို့ တချို့လုပ်ငန်းရှင်တွေက တရုတ်ဘက်ခြမ်းနဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးဘက် ဆိုင်တွေပိတ်ပြီး ရှောင်တိမ်းသွားကြတယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသခံအမျိုးသားတဦးက “တိုင်းရင်းသားလက်နက်ကိုင်တွေထဲကတော့ မဟုတ်ဘူး။ ဘာယောင်ယောင်၊ ညာယောင်ယောင်တွေ နေမှာပါ။ သီးသန့် ဂိုဏ်းဖွဲ့ထားတဲ့ ပုံစံနေမယ်။ အဖြေတခုရအောင် ထုတ်မှာပါ။ သူတို့ မုန့်ဟင်းခါးသည်တောင် မကျန်ဘူး ပြန်ပေးဆွဲတော့တာ။ အခုဟာက ဆရာဝန်တွေကို၊ ပုဂ္ဂလိက ဆေးရုံတွေကို ပြန်ပြီး ပစ်မှတ်ထားတော့တာ” လို့ ပြောပါတယ်။

လက်ရှိ ဖမ်းမိထားတဲ့ ပြန်ပေးဆွဲ ဓားပြအဖွဲ့ဝင်တွေကို စစ်ဆေးနေဆဲဖြစ်ပြီး အမှု‌တွဲ ကွင်းဆက်တွေပါ ထုတ်ပြန်ဖို့ရှိတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဲဒီ ပြန်ပေးဆွဲ ဓားပြဂိုဏ်းခေါင်းဆောင်ဟာ မူဆယ်အကြောင်း ကောင်းကောင်း သိကျွမ်းနားလည်သူ ဖြစ်‌နေပြီး လူငယ်တွေကို အသုံးချကာ ‌နောက်ကွယ်ကနေ ဘယ်အဖွဲ့အစည်း၊ ဘယ်သူက ပါနေသလဲဆိုတာ ထုတ်ဖော်ဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းကစ လားရှိုး အပါအဝင် မုံးကိုး၊ ပန်ဆိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်တွေမှာ ကျောင်းနေအရွယ် ကလေးသူငယ်တွေနဲ့ လုပ်ငန်းရှင်ကြီးတချို့ကို ပြန်ပေးဆွဲလာပြီး ၂၀၂၃ နှစ်ကုန်ပိုင်းကစ ဆိုင်ရှင်၊ လုပ်ငန်းရှင်တွေကိုပါ ပြန်ပေးဆွဲလာပြီး ခု ၂၀၂၄ ထဲမှာတော့ သံတိုသံစ ရောင်းဝယ်သူ၊ မုန့်ဟင်းခါးသည်ပါမကျန် ပြန်ပြေးဆွဲလာကာ မူဆယ်မြို့ပေါ်မှာတော့ သုံးကြိမ်အထိ ထပ်ခါ ထပ်ခါ ပြန်ပေးဆွဲခံရသူတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ လအနည်းငယ်က မူဆယ်မှာ ဖမ်းမိတဲ့ ပြန်ပေးဆွဲအဖွဲ့မှာတော့ ပြည်သူ့စစ်အဖွဲ့ ၂ ဖွဲ့က ဖြစ်ကြောင်း ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024