Home
ဆောင်းပါး
ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်
DVB
·
April 18, 2024

မြေပြိုမှုတခုက ကျနော့်ကို အိမ်ကနေ အဝေးရောက်သွားစေပါတယ်။ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက မုန်တိုင်းထန်တဲ့ ညနေခင်းတခုမှာ အင်္ဂလန်နိုင်ငံရဲ့ တောင်ဘက်ကမ်းရိုးတန်းရှိ ဟတ်စတင်းစ်မြို့မှာ နေထိုင်တဲ့ ရလီဆာဟိုက်တီဗာဟာ သူ့ရဲ့  ဥယျာဉ်အပြင်ဘက်မှာ သစ်ပင်‌တွေ ကျိုးကျနေတဲ့အသံကို ကြားလိုက်ရပါတယ်။ စုံစမ်းကြည့်ဖို့ အပြင်ဘက်ကိုထွက်လာပြီး မကြာခင်မှာပဲ ရှေးဟောင်းသစ်တောတွေ၊ စမ်းချောင်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ အပင်တွေနဲ့ သစ်ပင်တွေပါရှိတဲ့ ကျဉ်းမြောင်းတဲ့ ချိုင့်ဝှမ်းနဲ့ ရလီဆာ ပိုင်ဆိုင်တဲ့ နယ်နိမိတ်အနီးမှာ  အက်ကြောင်းတွေ ပေါက်ကွဲထွက်နေတာကို တွေ့ရှိခဲ့ပါတယ်။

ဒီအက်ကြောင်းတွေဟာ သစ်ပင်တွေရှိတဲ့ လျှိုမြောင်ကို အပေါ်စီးကမြင်ရတဲ့ နေအိမ်အများအပြားကို ထိခိုက်ကာ မြေပြိုမှုဖြစ်လာပြီး နောက်ဆုံးမှာ တန်နဲ့ချီတဲ့ သစ်ပင်တွေကို ဝါးမျိုကာ ချိုင့်ဝှမ်းအောက်ခြေမှာ ရလီဆာရဲ့ ပိုင်ဆိုင်မှုတွေကို ရောက်ရှိသွားစေခဲ့ပါတယ်။ ကျနော့်ဥယျာဉ်နဲ့ အပြင်ဘက် အဆောက်အအုံ အများစုဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒေသခံကောင်စီက ချောက်ကမ်းပါးစွန်းမှာ လှုပ်လှုပ်ရွရွဖြစ်နေတဲ့ ကျနော့်အိမ်ကနေ ထွက်သွားဖို့ ကျနော့်မိသားစုကို တွန်းအားပေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ကျနော်တို့လို နေအိမ်နဲ့ လုံခြုံရေးအသိများ ဆုံးရှုံးခဲ့ရသူတွေအတွက် ကိုယ်ရေးကိုယ်တာ အဖြစ်ဆိုးတခုမျှသာ မဟုတ်ဘဲ ပိုမိုကျယ်ပြန့်တဲ့ အုပ်ချုပ်မှု အကျပ်အတည်းရဲ့ ထင်ရှားတဲ့လက္ခဏာ ဖြစ်ပါတယ်။

အခြေခံအဆောက်အအုံနဲ့ အုပ်ချုပ်မှုစနစ်အပေါ် ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကို လေ့လာတဲ့ ပညာရှင်တဦးအနေနဲ့ အခုလို ကျနော့်ရဲ့ သုတေသနမှာ ကိုယ်တိုင်သတိပြုမိခဲ့တဲ့ အရာတခုကို ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတာပါ။ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်မယ့် မူဝါဒအတွက် အကောင်းဆုံး အလေ့အကျင့်နဲ့ လက်ရှိဖြစ်နေတာတွေက ကွာဟချက်များစွာ ရှိပါတယ်။

ဟတ်စတင်းစ်အတွက် ဒီဖေဖော်ဝါရီဟာ မှတ်တမ်းတင်ဖူးသမျှထဲမှာ အစိုစွတ်ဆုံးထဲက တခုဖြစ်ပါတယ်။ မြေပြိုရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေချိန်မှာတော့ အခုလို မကြုံစဘူး မိုးရွာသွန်းမှုတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပြီး ရေနုတ်မြောင်းတွေ၊ စီမံကိန်းနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ပြဿနာ‌တွေနဲ့အတူ လူလုပ်အဆောက်အဦနဲ့ သဘာဝပတ်ဝန်းကျင် နှစ်ခုလုံးကို ထိခိုက်စေကြောင်း ထင်ရှားပါတယ်။

ဒီဘေးအန္တရာယ်ကနေ ထုတ်ဖော်ပြသထားတဲ့ ထိတ်လန့်စရာကောင်းတဲ့ ကွာဟချက်ဟာ ယူကေက ဒေသဆိုင်ရာ အစိုးရတွေဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပြင်းထန်တဲ့ သို့မဟုတ် မမျှော်လင့်ထားတဲ့ ရာသီဥတုကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခြင်း မရှိတဲ့အပြင် စနစ်တခုလုံး စဉ်းစားတွေးခေါ်မှုနဲ့ အစုအဝေးတွေနဲ့ သက်ဆိုင်သူတွေအကြား လုပ်ဆောင်ရမယ့် အရေးပေါ် အခြေအနေတွေကို တုံ့ပြန်နိုင်စွမ်း မရှိခြင်းတို့ကို ပြသနေပါတယ်။

နောင်နှစ်တွေမှာလည်း ဒီလိုဖြစ်ရပ်တွေ ပိုပြီး အဖြစ်များလာမှာကလည်း စိုးရိမ်စရာ ဖြစ်ပါတယ်။ ဟတ်စတင်းစ်ဟာ ကမ်းရိုးတန်းမြို့ ဖြစ်ပေမဲ့လည်း ရလီဆာရဲ့ ပိုင်ဆိုင်မှု နေရာဟာ ကုန်းတွင်းပိုင်းဖြစ်တာကြောင့် ဒီလိုမြေပြိုမှုတွေဟာ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။

ဘယ်သူမှ တာဝန်မယူချင်ကြဘူး

နောက်ပိုင်းမှာ ကျနော့်မိသားစုနဲ့ တခြားအိမ်နီးနားချင်း အိမ်ခြံမြေနှစ်ခုဟာ ကျနော်တို့ရဲ့ လက်တွေ့အခြေအနေတွေနဲ့ လုံးထွေးနေတာကြောင့် အာဏာပိုင်တွေဆီကနေ အကူအညီရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒေသဆိုင်ရာ ကောင်စီတွေ၊ ရေကုမ္ပဏီနဲ့ အာမခံပေးဆောင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အကောင်းဆုံး ကြိုးပမ်းခဲ့ပေမဲ့လည်း ရှုပ်ထွေးပွေလီနေတဲ့ ဗျူရိုကရေစီ၊ စိတ်ဝင်စားမှု မရှိတာနဲ့ မြေပြိုကျခံရသူတွေအတွက် ထောက်ပံ့ရေးစနစ်တွေ မရှိတာကို ပြတ်ပြတ်သားသား ကြုံတွေ့ခဲ့ရပါတယ်။

ဒီလိုတုံ့ပြန်မှု (သို့) ချို့တဲ့ခြင်းဟာ တာဝန်ဝတ္တရားလို့ ယူဆရမှာကို ကြောက်ရွံ့တဲ့အတွက် အရေးယူမှုမရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လှုံ့ဆော်မှုပုံစံကို ဖော်ပြနေပါတယ်။

ပြန်လည်နေရာချထားဖို့ သို့မဟုတ် မြေပြိုကျပျက်စီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေဟာ အလှည့်တိုင်းမှာ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အရေးပေါ် တားမြစ်မိန့်တွေ ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ရဲ့အိမ်မှာ နေထိုင်တာက တရားမဝင်ဖြစ်သွားပေမဲ့ ဖြေရှင်းဖို့ သို့မဟုတ် ပံ့ပိုးကူညီဖို့ လမ်းကြောင်းလည်း မရှိပါဘူး။

တချိန်တည်းမှာပဲ ဒေသန္တရကောင်စီရဲ့ အရေးယူဆောင်ရွက်မှု တစုံတရာမရှိဘဲ မြေပြိုကျမှုကြောင့် ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုများ ပျက်စီးမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ယခင်က ရှားပါးဖြစ်ရပ်များကို ထည့်သွင်းမထားပါ

မြေပြိုမှုမှာ လက်ရှိ ရာသီဥတုဆိုင်ရာ အုပ်ချုပ်မှု မူဘောင်တွေဟာ လုံလောက်မှုမရှိကြောင်း ထင်ရှားနေပါတယ်။ အကြောင်းကတော့ ဒီလို မြေပြိုမှုတွေဟာ ဟိုးအရင်ကလို ရှားရှားပါးပါးမဟုတ်ဘဲ ထင်သလောက် မရိုးရှင်းပါဘူး။

ရေကြီးခြင်းဆိုင်ရာ ယူကေရဲ့ ခရီးကို ဒီနေရာမှာ အနည်းငယ် သရုပ်ဖော်ထားပါတယ်။ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုအဆင့်ဟာ အရင်ကထက် ပိုမို မကြာခဏ ဖြစ်ပွားနေပေမဲ့လည်း ရေလွှမ်းမိုးမှု အကူအညီ၊ လုံလောက်တဲ့ အချက်အလက်၊ အရေးပေါ်ရန်ပုံငွေနဲ့ အာမခံအစီအစဉ်တွေနဲ့အတူ ရေလွှမ်းမိုးမှုဆိုင်ရာ အထောက်အပံ့တွေ ထည့်သွင်းဖို့ ဆယ်စုနှစ်များစွာကြာအောင် စည်းရုံးခဲ့‌ရပြီး အသက်တွေကတော့ ထောင်ပေါင်းများစွာ ပျက်စီးသွားခဲ့ပါပြီ။

တကယ်လို့ယူကေဟာ မြေပြိုကျခံရသူတွေကို ထောက်ပံ့ရာမှာ ပိုမိုလျင်မြန်စွာ မလှုပ်ရှားရင် လူမှုအသိုက်အဝန်းများစွာအတွက် ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်တွေနဲ့ အတိတ်က အမှားတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ မတူညီတဲ့ အုပ်ချုပ်မှုအဆင့်တွေနဲ့ မတူညီတဲ့ စနစ်အော်ပရေတာတွေ (ရေနှင့်လျှပ်စစ်ကုမ္ပဏီများ၊ လမ်းပြုပြင်ထိန်းသိမ်းရေး၊ အာမခံကုမ္ပဏီများ) မှာ အလုပ်လုပ်ဖို့ မလိုအပ်ပါဘူး။ ဆိုလိုတာက မြေပြိုခြင်းခံရသူတွေဟာ သူတို့ကိုယ်တိုင် ကြီးမားတဲ့ ကိုယ်ရေးကိုယ်တာ ကုန်ကျစရိတ်နဲ့ လုပ်ဆောင်ရပြီး မကြာခဏဆိုသလို နည်းပညာ သို့မဟုတ် မူဝါဒပိုင်းဆိုင်ရာ အတွေ့အကြုံမရှိဘဲ သူတို့ကိုယ်တိုင် လုပ်ဆောင်နေရပါတယ်။

စနစ်ကျသော အပြောင်းအလဲအတွက် တောင်းဆိုချက်

ဖြေရှင်းချက်ကတော့ ကျနော်တို့ရဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရေး ချဉ်းကပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ပြင်ဆင်မှုမှာ တည်ရှိနေပါတယ်။

စံပြကမ္ဘာတခုမှာ ဒီပြဿနာကို ဒေသဆိုင်ရာ အာဏာပိုင်တွေ ဒါမှမဟုတ် အသုံးဝင်တဲ့ ကုမ္ပဏီတွေက ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်ပါတယ်။ ဒီမြေပြိုမှုတွေကို နားလည်ဖို့နဲ့ သူတို့ရဲ့ အကျိုးသက်ရောက်မှုတွေကို လျော့ပါးစေဖို့အတွက် အကောင်းဆုံး နေရာချထားရမှာပါ။ ဒါပေမဲ့ လုပ်ဆောင်ချက်ဟာ တာဝန်ယူမှုလို့ အဓိပ္ပာယ်သက်ရောက်နိုင်တာကြောင့် ဘာအရာကိုမှ တာဝန်မယူဘဲနဲ့ ဆုချီးမြှင့်ခြင်းခံရတာလည်း ဖြစ်နိုင်ပါတယ်။ တာဝန်ယူမှု တခုခုကို ဝန်ခံပါက ကြီးမားတဲ့ ငွေတောင်းခံလွှာတခုနဲ့ ချုပ်နှောင်ခံရမှာကို စိုးရိမ်တာကြောင့် လူတိုင်းအတွက် ရိုးရိုးရှင်းရှင်း ရှောင်ထွက်တာက ပိုမိုလုံခြုံပြီး ပိုမိုလွယ်ကူပါတယ်။

ဒါကြောင့် ဥပဒေကြောင်းအရ တာဝန်ယူမှုမရှိဘဲ လုပ်ဆောင်ဖို့ (သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အသုံးဝင်တဲ့ ကုမ္ပဏီတွေကို အခွင့်အာဏာပေးတဲ့ မူဝါဒတွေ လိုအပ်ပါတယ်။

မြေပြိုမှုဒဏ်ခံရတဲ့ ရပ်ရွာတွေအတွက် အစိုးရ ကျောထောက်နောက်ခံပြု ပံ့ပိုးကူညီမှုတွေလည်း လိုအပ်ပြီး ထိခိုက်နစ်နာသူတွေကို ပိုမိုကောင်းမွန်စွာ အသိပေးဖို့၊ အာမခံကုမ္ပဏီတွေနဲ့ လုပ်ငန်းစဉ်တွေကို ချောမွေ့စေဖို့နဲ့ ထိခိုက်ခံရတဲ့ လူတွေကို ဖြတ်ကျော်ဖို့ တွန်းအားပေးခံနေရတဲ့ ဗျူရိုကရေစီ အတားအဆီး အရေအတွက်ကို လျှော့ချဖို့လည်း လိုအပ်ပါတယ်။

Old Roar Gill မြေပြိုကျမှုရဲ့ နစ်နာသူတွေဟာ သူတို့ရဲ့လုပ်ငန်းအတွက် ပံ့ပိုးကူညီ တည်ဆောက်ပေးဖို့အတွက် Facebook စာမျက်နှာနဲ့ လူစုလူဝေး ရန်ပုံငွေအဖွဲ့ကို ထူထောင်ခဲ့ကြပါတယ်။ ဒီအကျပ်အတည်းကို ဖြတ်ကျော်ကာ ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံဟာ ရာသီဥတုဆိုင်ရာ၊ အုပ်ချုပ်မှုဆိုင်ရာ၊ ကျနော့်ရဲ့ ပညာရပ်ဆိုင်ရာ စိတ်ဝင်စားမှုကို အရေးတကြီးလုပ်ဆောင်ဖို့ တောင်းဆိုချက်အဖြစ်ကို ပြောင်းလဲသွားပါတယ်။ အလားတူ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့ ယူကေနိုင်ငံတဝန်းက လူမှုအသိုင်းအဝိုင်းတွေကို ပံ့ပိုးကူညီဖို့အတွက် ပွင့်လင်းမြင်သာတဲ့ အရင်းအမြစ်လမ်းညွှန်တွေနဲ့ အရင်းအမြစ်တွေကို ဖန်တီးဖို့လည်း  ဦးဆောင်ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့လည်း ဒီလက်ငင်းလုပ်ဆောင်မှုတွေကလွဲပြီး ကျနော်တို့ဟာ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှုကို ကျနော်တို့ရဲ့ အုပ်ချုပ်မှုမှာ ပေါင်းစည်းခြင်းအကြောင်း ပိုမိုကျယ်ပြန့်စွာ ပြောဆိုဖို့ လိုအပ်ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ ကျနော်တို့ ဘယ်လောက်လုံခြုံသည်ဖြစ်စေ၊ ကျနော်တို့ ခံစားရနိုင်သည်ဖြစ်စေ ဒီလိုကပ်ဘေးတွေဟာ ဘယ်သူမဆို တွေ့ကြုံခံစားရနိုင်ပါတယ်။

လီလီ

( The conversation ဝက်ဆိုက်မှာ Sussex တက္ကသိုလ်မှ သုတေသီ  Ralitsa Hiteva  ရေးသားထားတဲ့ “A landslide forced me from my home – and I experienced our failure to deal with climate change at first hand” ဆောင်းပါးကို ဘာသာပြန်ဆိုသည်။) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024