Home
မြန်မာသတင်း
မှော်ဘီလေတပ်ဘက် ချိန်ထားသည့် ဒုံးပစ်စင်နှင့်ရှော့တိုက်ဒုံးများ တွေ့ရှိ၊ စစ်ကောင်စီ ရှင်းလင်း
DVB
·
April 4, 2024
Mhaw 442024

ရန်ကုန်၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမ၊ တပ်ကြီးကုန်းရွာအနီး လယ်ကွင်းထဲမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးတွဲနဲ့ ‌ဒုံးပစ်စင်ကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်က ဧပြီ ၃ ရက် ညနေ ၄ နာရီလောက်မှာ လာရောက်ရှင်းလင်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှော်ဘီမြို့ခံတဦးက “တပ်ကြီးကုန်းက ကွင်းထဲမှာ ဒုံးကျည်တွေ တွေ့လို့ဆိုပြီး စစ်ကားတွေ လေးငါးစီးလောက် ထွက်လာတာ တွေ့တယ်။ လမ်းမနဲ့ဆို တော်တော်လှမ်းတယ်၊ ပေ ၂၀၀ ကျော်လောက်မှာ” လို့ ပြောပါတယ်။

ရှော့တိုက်ဒုံးတွေ တွေ့ရှိခဲ့တဲ့ ရွာကွင်းပြင်နဲ့ စစ်ကောင်စီရဲ့ အမှတ် ၅၀၁ မှော်ဘီလေတပ်စခန်းဟာ ၂ မိုင်လောက်သာ ကွာဝေးပြီး ဒုံးဝါယာကြိုးတွဲလျက် ဒုံးပစ်စင်ကို သဲအိတ်တွေနဲ့ ဖိထားကာ လေတပ်ဘက် ချိန်ရွယ်ထားခဲ့တာလို့ သိရပါတယ်။

မှော်ဘီမြို့နယ်နဲ့ လှည်းကူးမြို့နယ်အစပ် ညောင်နှစ်ပင် ကျေးရွာ၊ ဆတ်သွားတောလမ်းမဘေးက လယ်ကွင်းထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က မှော်ဘီလေတပ်ဘက်ကို ချိန်ရွယ်ထားတဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးကို စစ်ကောင်စီဘက်က လာရောက်သိမ်းဆည်းဖူးပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှာတော့ ရန်ကုန် အခြေစိုက် Urban Special Operation တပ်ဖွဲ့က  ၅၀၁ မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လေတပ်နံရံနဲ့ လေယာဉ်ပြေးလမ်းတချို့ ပျက်စီးသွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024