Home
မြန်မာသတင်း
ဘန်ကောက်အနှိပ်ခန်း၌ ပြည့်တန်ဆာလုပ်နေသည့် မြန်မာအမျိုးသား ၁၅ ဦး ဖမ်းဆီးခံရ
DVB
·
April 2, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ လတ်ဖရော့ဝ်နယ်မြေရှိ အနှိပ်ခန်းတခုမှာ ပြည့်တန်ဆာလုပ်ကိုင်တဲ့ မြန်မာအမျိုးသား ၁၅ ဦး ဖမ်းဆီးခံရတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။

လတ်ဖရောဝ့်နယ်မြေ ကုန်တိုက်ကြီးတခုက အနှိပ်ခန်းမှာ တရားမဝင် မြန်မာလုပ်သားတွေ ခန့်ထားကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် မတ် ၁၅ ရက်က တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါအနှိပ်ခန်းပိုင်ရှင်မှာ အသက် ၆၂ နှစ်ရွယ်ရှိ နိုင်းစနစ်ဖြစ်ပြီး အမျိုးသားဝန်ထမ်း ၁၅ ဦးပါ တွေ့ရကြောင်း၊ အားလုံးမြန်မာအလုပ်သမားတွေဖြစ်ပြီး အနှိပ်လုပ်ငန်း ဗန်းပြကာ ပြည့်တန်ဆာအလုပ်ပါ လုပ်ကိုင်တယ်၊ သူတို့ဟာ တဆိုင်တည်း တနေရာတည်းမှာ အမြဲမနေဘဲ တခြားနေရာတွေမှာပါ သွားရောက်ဝန်ဆောင်မှု ပေးတယ်၊ လူမှုကွန်ရက်မှာ ဂရု(ပ်)ဖွဲ့ပြီး အလိုရှိတဲ့နေရာကို သွားပြီး ဝန်ဆောင်မှုပေးတယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာလုပ်သား ၁၅ ဦးမှာ နေထိုင်ခွင့် အထောက်အထား မပြည့်စုံတဲ့အပြင် ဥပဒေနဲ့မညီတဲ့ အလုပ်ကို လုပ်တာကြောင့် လဝကဥပဒေ၊ အလုပ်သမားဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပြီး အလုပ်ရှင်ကိုလည်း တရားမဝင်အလုပ်သမားတွေ ငှားရမ်း လက်ခံထားမှုနဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကား -ThaiPBS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024