Home
နိုင်ငံတကာ
ယီမင်မြို့တော်ကို ထိန်းချုပ်ထားသည့် ဟူသီအဖွဲ့က ၁၀၀ တန် ငွေဒင်္ဂါး ထုတ်ဝေ
DVB
·
April 1, 2024
Yemen's Houthis issue new coin currency

ယီမင်နိုင်ငံ မြို့တော်ဆာနာကို ထိန်းချုပ်ထားတဲ့ ဟူသီတပ်ဖွဲ့တွေဟာ ၁၀၀ ရီယဲလ်တန် ငွေဒင်္ဂါးသစ် စတင်ထုတ်ဝေလိုက်ပါတယ်။

ယီမင်နိုင်ငံဟာ နှစ်ခြမ်းကွဲနေသလို ဗဟိုဘဏ်ကလည်း နှစ်ခု ဖြစ်နေပါတယ်။ ဟူသီတွေ ခန့်ထားတဲ့ မြို့တော် ဆာနာ အခြေစိုက် ယီမင်ဗဟိုဘဏ် ဥက္ကဋ္ဌ ဟာရှင်မ် အစ္စမေးလ်က ဒင်္ဂါးသစ်ဟာ ငွေလဲနှုန်းကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလို ပိုက်ဆံထုတ်တာဟာ ယီမင်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းထားနိုင်တယ်ဆိုတာ ပြသမှုလည်း ဖြစ်ပါတယ်။ ဟူသီအဖွဲ့ဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ မြို့တော် ဆာနာကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုချိန်ထိ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

လက်ရှိမှာ ယီမင်နီ ရီယဲလ် လို့ခေါ်တဲ့ ယီမင်ငွေကြေးကို နိုင်ငံတောင်ပိုင်း အေဒင်မြို့မှာ အခြေစိုက်တဲ့ နိုင်ငံတကာအသိအမှတ်ပြု ကြားဖြတ်အစိုးရက ရိုက်နှိပ်နေတာ ဖြစ်ပါတယ်။

ယီမင်ရဲ့ တရားဝင်ဗဟိုဘဏ်အဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ အေဒင်အခြေစိုက် ဗဟိုဘဏ်ကတော့ အခုလုပ်ရပ်အပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

ဟူသီတွေအနေနဲ့ ဒီလို “ပိုက်ဆံအတု” ထုတ်မယ်ဆိုရင် နှစ်ဖက်ထိန်းချုပ်နယ်မြေတွေ အချင်းချင်း ငွေကြေးကိစ္စ ဆက်ဆံဆောင်ရွက်မှုတွေမှာ ပြဿနာဖြစ်လာမယ်လို့ အေဒင် ဗဟိုဘဏ်က ဆိုပါတယ်။

Source/Photo-REUTERS/Khaled Abdullah

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024