Home
အားကစား
တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကို လာဘ်စားမှုဖြင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်
DVB
·
March 27, 2024

တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကို ဒေါ်လာသန်းချီ လာဘ်စားမှုနဲ့ ထောင်ဒဏ်တသက် တကျွန်း ချမှတ်ခဲ့ပါတယ်။

အသက် ၆၇ နှစ်ရှိ ချန်းဆုယွမ်ဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အထိ တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူပါ။

သူဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ တရုတ်ယွမ် ၈၁ သန်း တန်ကြေးရှိတဲ့ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်းခန့်ကို တန်စိုးလက်ဆောင်တွေအဖြစ်ရယူခဲ့ကြောင်း တရားရုံး ကထုတ်ပြန်ပါတယ်။

ချန်းဟာ အားကစားဆိုင်ရာအခမ်းအနားပွဲတွေ၊ စီးပွားရေးဆိုင်ရာ စာချုပ်တွေနဲ့ စီမံကိန်းတွေကို လုပ်ပိုင်ခွင့်ချပေးမှုအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်တွေဆီကနေ လာဘ်ငွေရယူခဲ့တာပါ။

ဥက္ကဋ္ဌဟောင်း ချန်းဆုယွမ်နဲ့အတူ တခြားထိပ်တန်းအဆင့်အရာရှိ သုံးဦး ကိုလည်း ထောင်ဒဏ် ၁၄ နှစ်ကနေ ၈ နှစ် အထိ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024