Home
နိုင်ငံတကာ
ရုရှားကို အနိုင်ယူရန်အတွက် အကူအညီများလိုအပ်ဟု G7 ကို ယူကရိန်းသမ္မတ ပြော
DVB
·
February 25, 2024

ရုရှားနဲ့ စစ်ပွဲအတွင်း G7 ရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပတဲ့ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ အုပ်စု G7 ရဲ့ ဗီဒီယိုကွန်ဖရင့်မှာ ပြောလိုက်ပါတယ်။

ယူကရိန်း ဘေးကင်းစေရေး လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့လိုအပ်ပြီး ရုရှားနိုင်ငံကို အောင်ပွဲခံခြင်းက နိုင်ငံတကာ စစ်အုပ်ချုပ်ရေးအောင်နိုင်ခြင်း ဖြစ်လိမ့်မယ်လို့လည်း ဇလန်းစကီးက G7 အဖွဲ့ဝင်တွေကို ပြောပါတယ်။ 

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူ၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့နဲ့အတူ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ကျင်းပတဲ့ ရုရှားနိုင်ငံရဲ့ ကျူးကျော်မှု ဒုတိယမြောက် နှစ်ပတ်လည်နေ့မှာ ရုရှားကို နှိမ်နင်းဖို့ ယူကရိန်းကို ဆက်ပြီးကျောထောက်နောက်ခံပြုပေးဖို့လည်း ဇလန်းစကီးက G7 ကို တိုက်တွန်းကာ G7 ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ အီတလီနိုင်ငံကို ဆုမွန်ကောင်း တောင်းပေးပါတယ်။

ရုရှားစစ်တပ် ကျူးကျော်မှု ဒုတိယနှစ်ပတ်လည်နေ့မှာ တိုက်ပွဲတွေ အဆုံးမသတ်နိုင် ဖြစ်နေပေမဲ့ အနောက်နိုင်ငံခေါင်းဆောင်တွေက စစ်ကို ငြီးငွေ့နေတဲ့ ကိယက်ဗ်မြို့တော်ဆီ စုရုံးရောက်ရှိနေကြ တာပါ။

ရုရှားရဲ့ ကျူးကျော်မှုဟာ ချေမှုန်းပစ်ရမယ့် တရားမျှတမှုမရှိတဲ့ ရန်လိုမှုအဖြစ် အနောက်နိုင်ငံတွေက ရှုမြင်ထားပါတယ်။ 

ပဋိပက္ခကို ငြီးငွေ့နေပြီး ရုရှားက အနိုင်ရခဲ့တယ်ဆိုတဲ့ ခံယူချက်တွေကို စိန်ခေါ်ဖို့ အရေးကြီးတယ်လို့ G7 ရဲ့ လက်ရှိဥက္ကဋ္ဌ အီတလီက ပြောပါတယ်။ 

ဇလန်းစကီးဟာ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူတို့ ဖေဖော်ဝါရီ ၂၄ ရက်က မာရီယင်စကီ နန်းတော်မှာ အပြန်အလှန် လုံခြုံရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

အီတလီ၊ ကနေဒါ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတို့ဟာ ယူကရိန်း အစိုးရနဲ့ ၁၀ နှစ်ကြာ လုံခြုံရေး သဘောတူညီချက်တွေကို အချောသတ်နေတာပါ။ ဒီသဘောတူညီချက်တွေဟာ အနောက်နိုင်ငံ စစ်မဟာမိတ်အဖွဲ့ဝင် NATO အဖွဲ့ဝင် ဖြစ်လာတဲ့အထိ ယူကရိန်းလုံခြုံရေးကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024