Home
အားကစား
လီဗာပူးနည်းပြသစ် အလွန်ဆိုဖြစ်လာမည်ဟု ယုံကြည်ကြောင်း ကာရေဂါ ပြော
DVB
·
February 13, 2024

လာမယ့်ရာသီမှာ လီဗာပူးအသင်းနည်းပြသစ် အလွန်ဆို ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း အသင်းဂန္ထဝင်ကစားသမားကြီး ကာရေဂါက ခန့်မှန်းပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ရာသီအကုန်မှာ ထွက်ခွာတော့မယ့် လက်ရှိနည်းပြကလော့ပ်နေရာအတွက် နည်းပြသစ်တယောက် အပူတပြင်းရှာဖွေနေတာပါ။

အလွန်ဆိုနဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့အတိုင်း ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ကာရေဂါက သုံးသပ်ခဲ့တာပါ။

အလွန်ဆိုရဲ့ လီဗာကူဆင်အသင်းကစားပုံက လီဗာပူးထက်စာရင် မန်စီးတီးအသင်းနဲ့ပိုပြီး တူညီနေကြောင်း ဒါကလည်း နည်းပြပတ်ဂွါဒီယိုလာလက်အောက်မှာ ကစားခဲ့ဖူးသူဖြစ်တာ  ကြောင့် ဖြစ်တယ်လို့ ကာရေဂါက ပြောပါတယ်။

လီဗာပူးအသင်းကတော့ လျင်မြန်မှုနဲ့ ကောင်တာ တိုက်စစ်တွေနဲ့ တိုက်ရိုက်ကစားတက်တဲ့ အသင်းဖြစ်ပေမဲ့ အလွန်ဆိုရောက်လာမယ်ဆိုရင် လီဗာပူး အသင်းရဲ့ ကစားဟန်အသစ်ကို မြင်တွေ့ရနိုင်ပြီး ပြီးပြည့်စုံတဲ့အသင်းဖြစ်လာနိုင်ကြောင်း ကာရေဂါက သုံးသပ်သွားပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024