Home
အားကစား
အမ်ဘာပေ၏ အနာဂတ် ဆွေးနွေးဆုံးဖြတ်ပြီးမှ ထုတ်ပြန်မည်ဟု  ပီအက်စ်ဂျီဥက္ကဋ္ဌပြော
DVB
·
February 9, 2024

တိုက်စစ်မှူး အမ်ဘာပေရဲ့ အနာဂတ်ကိစ္စအပေါ် ဆွေးနွေးဆုံးဖြတ်ပြီးမှ အတည်ပြုထုတ်ပြန်မယ်လို့ အသင်းဥက္ကဋ္ဌ အယ်လ်ခါလီဖီကပြောသွားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မှာကျင်းပတဲ့ UEFA ကွန်ဂရက် အစည်းအဝေးမှာ အမ်ဘာပေရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီးမေးမြန်းချက်အပေါ် ပီအက်စ်ဂျီဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့တာပါ။

အမ်ဘာပေဟာ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်း ရွှေ့ဖို့ အကြိုသဘောတူညီမှုရထားကြောင်း သတင်းတွေမှာ အခိုင်အမာဖော်ပြနေကြတာပါ။ 

အယ်လ်ခါလီဖီကတော့ နှစ်ဦးနှစ်ဖက်စလုံးက ဆွေးနွေးဆုံးဖြတ်ပြီးတဲ့အချိန်ရောက်မှသာ အတည်ပြု ထုတ်ပြန်ပေးမှာဖြစ်ကြောင်း၊ အမ်ဘာပေကို အသင်းမှာဆက်ရှိစေချင်ပြီး ပီအက်စ်ဂျီက သူ့အတွက် အကောင်းဆုံးကလပ်ဖြစ်သလို၊ သူဟာလည်း အကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ၂၀၁၈ ခုနှစ်က မိုနာကိုကနေ ပေါင် ၁၅၃ သန်းအထိ စံချိန်တင် ပေးပြီးခေါ်ယူခဲ့တာပါ။

ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အမ်ဘာပေအတွက် မက်ဒရစ် ဆီကနေ ပြောင်းရွှေ့ကြေးပြန်ရဖို့လည်း  ပီအက်စ်ဂျီဘက်က ဆွေးနွေးသွားဖို့ရှိပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024